နိုင်ငံခြားသားများ အများအပြား လက်ခံမည့် အစီအစဉ် စင်ကာပူနိုင်ငံသားများ ဆန့်ကျင် ဆန္ဒပြ

Monday, February 18, 2013


စင်ကာပူ နိုင်ငံတွင် ပြည်ပမှ အခြေချ နေထိုင်သူ အများအပြား လက်ခံပြီး နိုင်ငံ၏ လူဦးရေ တိုးမြှင့်မည့် အစိုးရ၏ အစီအစဉ် တစ်ရပ်ကိုလူပေါင်း (၃၀၀၀) ခန့်က ဆန့်ကျင် ဆန္ဒပြခဲ့သည်။

အရှေ့တောင် အာရှ နိုင်ငံတစ်ခု ဖြစ်သည့် စင်ကာပူ နိုင်ငံတွင် ပြည်ပမှ နိုင်ငံခြားသား အများအပြား လက်ခံမည့် အစိုးရ၏ အစီအစဉ် တစ်ရပ်ကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် စင်ကာပူ နိုင်ငံသားများက လမ်းပေါ်ထွက် ဆန္ဒပြခြင်းသည် စင်ကာပူ နိုင်ငံအတွက် ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်ပြီး ၊ ဒေသခံများ အနေဖြင့် သူတို့၏ လူမှုဖူလုံရေး ဖြတ်တောက်နိုင်မှုများနှင့် နေထိုင်မှု စရိတ်များ မြင့်တက်လာမည့် ပြဿနာများ အပေါ် စိုးရိမ်ပူပန်မှု ဖြစ်စေကြောင်း အေပီ သတင်း ဌာနက ဖော်ပြထားသည်။ အဆိုပါ လူဦးရေ တိုးမြှင့်မည့် အစီအစဉ် မူကြမ်းကို ယခုလ အတွင်းက ပါလီမန်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အစိုးရ အနေဖြင့် အာရှတွင် စီးပွားရေး ပိုမို ဖွံ့ဖြိုး တိုးတက်လာမှုနှင့် လက်ရှိနိုင်ငံ၏ အနေအထားသည် အသက်ကြီးမှုနှုန်း မြင့်တက်လာမှု ၊ ကလေးမွေးဖွားမှုနှုန်း နည်းပါးမှု ဖြစ်ပေါ်နေသည့် အတွက် စင်ကာပူနိုင်ငံ၏ လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် ၅.၃ သန်းမှ ၆.၉ သန်းအထိ တိုးမြှင့်မည့် အစီအစဉ် တစ်ရပ်ကို အကောင်အထည် ဖော်နိုင်ရန် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Myanmar News International

နိုင်ငံခြားသားများ အများအပြား လက်ခံမည့် အစီအစဉ် စင်ကာပူနိုင်ငံသားများ ဆန့်ကျင် ဆန္ဒပြ

စင်ကာပူ နိုင်ငံတွင် ပြည်ပမှ အခြေချ နေထိုင်သူ အများအပြား လက်ခံပြီး နိုင်ငံ၏ လူဦးရေ တိုးမြှင့်မည့် အစိုးရ၏ အစီအစဉ် တစ်ရပ်ကို

လူပေါင်း (၃၀၀၀) ခန့်က ဆန့်ကျင် ဆန္ဒပြခဲ့သည်။

အရှေ့တောင် အာရှ နိုင်ငံတစ်ခု ဖြစ်သည့် စင်ကာပူ နိုင်ငံတွင် ပြည်ပမှ နိုင်ငံခြားသား အများအပြား လက်ခံမည့် အစိုးရ၏ အစီအစဉ် တစ်ရပ်ကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် စင်ကာပူ နိုင်ငံသားများက လမ်းပေါ်ထွက် ဆန္ဒပြခြင်းသည် စင်ကာပူ နိုင်ငံအတွက် ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်ပြီး ၊ ဒေသခံများ အနေဖြင့် သူတို့၏ လူမှုဖူလုံရေး ဖြတ်တောက်နိုင်မှုများနှင့် နေထိုင်မှု စရိတ်များ မြင့်တက်လာမည့် ပြဿနာများ အပေါ် စိုးရိမ်ပူပန်မှု ဖြစ်စေကြောင်း အေပီ သတင်း ဌာနက ဖော်ပြထားသည်။ အဆိုပါ လူဦးရေ တိုးမြှင့်မည့် အစီအစဉ် မူကြမ်းကို ယခုလ အတွင်းက ပါလီမန်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အစိုးရ အနေဖြင့် အာရှတွင် စီးပွားရေး ပိုမို ဖွံ့ဖြိုး တိုးတက်လာမှုနှင့် လက်ရှိနိုင်ငံ၏ အနေအထားသည် အသက်ကြီးမှုနှုန်း မြင့်တက်လာမှု ၊ ကလေးမွေးဖွားမှုနှုန်း နည်းပါးမှု ဖြစ်ပေါ်နေသည့် အတွက် စင်ကာပူနိုင်ငံ၏ လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် ၅.၃ သန်းမှ ၆.၉ သန်းအထိ တိုးမြှင့်မည့် အစီအစဉ် တစ်ရပ်ကို အကောင်အထည် ဖော်နိုင်ရန် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Sources; AP

Myanmar News International
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License