အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များ

Thursday, February 21, 2013

တရုတ်နိုင်ငံ။   ။၂၀၁၂ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်-
          ၂-၁-၂၀၁၂။   ။တရုတ်နိုင်ငံ မြောက်ပိုင်းရှိ Xingxia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ Hui မွတ်စလင်လူမျိုးများ အဓိကနေထိုင်သည့် Hexi မြို့ တွင် ဗလီအားဖျက်ဆီးခဲ့သည့် ရဲတပ်ဖွဲ့ ဝင် ၁၀၀၀ ခန့် နှင့် ဒေသခံမွတ်စလင်လူမျိုးတို့ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရှိသည်။
         ၂၈-၇-၂၀၁၂။   ။တရုတ်နိုင်ငံသည် ပင်လယ်ပြင်ကာကွယ်နိုင်စွမ်းထိန်းသိမ်းရေးနှင့် ကယ်ဆယ်နိုင်စွမ်းမြှင့် တင်ရးတို့ အတွက် ပင်လယ်ရေကြောင်းစူးစမ်းရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်သည့် နိုင်ငံ၏ အကြီးများဆုံးနှင့် ခေတ်အမီဆုံး Haixun 01 ကင်းလှည့်ရေယာဉ်အား ဟူပေးပြည်နယ် ၀ူဟမ်မြို့ တွင် ရေချသည်။
  ၂၅-၈-၂၀၁၂။ ။တရုတ်နိုင်ငံသည် ဒုံးပျံ ကာကွယ်ရေး စနစ်များကို ကျော်လွှားပြီး အမေရိကန်သို့ ရောက်ရှိနိုင်စွမ်း ရှိသည့် နျူကလီးယာထိပ်ဖူး ၁၀ ခုတပ်ဆင် အသုံးပြုနိုင်သော ရေငုပ် သင်္ဘောမှ ပစ်လွှတ်ရသည့်  တာဝေးကီလိုမီတာ ၁၂၀၀၀(၇၄၅၆ မိုင်)အထိ ပစ်ခတ်ရောက်ရှိနိုင်စွမ်းရှိသော တိုက်ချင်းပစ် Dongfeng-41 မျိုးဆက်သစ် ပဲ့ထိန်းဒုံးပျံကို ထုတ်လုပ်သည်။
   ၂၅-၉-၂၀၁၂။   ။တရုတ်နိုင်ငံသည် ပိုင်နက်အငြင်းပွားမှုနှင့် ပတ်တက်ပြီး ကိုရီးယား၊ ဂျပန်တို့ နှင့် တင်းမာမှုများ ဖြစ်ပွားနေစဉ် အင်အားပြသသည့်အနေဖြင့် ၄င်း၏ ပထမ ဆုံးလေယာဉ်တင်သင်္ဘော Liaoning ကို Dalian ဆိပ်ကမ်းမှ တပ်တော်ဝင်သည်။
  ၂၂-၁၀-၂၀၁၂။   ။အရှေ့ တရုတ်ပင်လယ်တွင် ကျွန်းပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံနှင့် အငြင်းပွားမှုမြင့်တက်နေစဉ် တရုတ်လေတပ်သည် ဂျက်တိုက်လေယာဉ်သစ် များနှင့် ရေဒါရှောင်ကွင်း နည်းစနစ်များ ပါဝင်သော လေတပ်လေ့ကျင့်ခန်းပြုလုပ်သည်။
  ၂၃-၁၀-၂၀၁၂။ ။တရုတ်နိုင်ငံတွင် နိုဝင်ဘာလ အတွင်းပြုလုပ်မည့် ၁၀ နှစ်တစ်ကြိမ်ပြုလုပ်နေကျဖြစ် သော အာဏာရ ကွန်မြူနစ် ပါတီ ခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်မှုမတိုင်မီ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ma Xiaotian အား လေတပ်ဦးစီးချုပ်အဖြစ်လည်းကောင်း၊ ဗဟိုစစ်ကော်မရှင်ရုံး၏ အကြီးအကဲဟောင်း Wang Guanzhong အား ဒုတိယစစ်ဦးစီးချုပ်အဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး Zhu Fuxi အား နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူးစစ်ဒေသအကြီးအကဲအဖြစ်လည်းကောင်း အသီးသီး ခန့် အပ်သည်။
     ၂၈-၁၁-၂၀၁၂။   ။တရုတ် ရေတပ်မှ ပဲ့ထိန်းဒုံးပျံ တင်ဖျက်သင်္ဘော ၂ စီး၊ ဒုံးပျံတင် ဖရီးဂိတ် စစ်သင်္ဘော ၂ စီး၊ ထောက်ပံ့ရေး သင်္ဘော ၁ စီးနှင့် ရဟတ်ယာဉ်များ ပါဝင်သော ရေယာဉ်စု တစ်စုသည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အစီအစဉ်များ၊ အစောင့်အရှောက် အဖြစ် လိုက်ပါခြင်း၊ ပင်လယ်ပြင် တိုက်ခိုက်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေး၊ အချိန်ပြည့် ခုတ်မောင်းခြင်းနှင့် ကာကွယ်ခြင်း ဆိုင်ရာ အစီအစဉ် များကို Miyako ရေလက်ကြားမှ တစ်ဆင့် အနောက် ပစိဖိတ် သမုဒ္ဒရာ အတွင်း၌ ပုံမှန်စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သည်။
       ၁၁-၁၂-၂၀၁၂။  ။တရုတ် နိုင်ငံသည် အရှေ့ တရုတ်ပင်လယ် အတွင်း စောင့်ကြည့် လေ့လာရေး မစ်ရှင် အတွက် အလေးချိန် ၅၈၀၀ တန်ရှိ အကြီးမား ဆုံးသော ကင်းလှည့်သင်္ဘော Yuzheng 206 ကိုစေလွှတ်သည်။
         ၁၄-၁-၂၀၁၂ ။    ။ထိုင်ဝမ်တွင် (၁၃) ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ များကို ပြုလုပ်ခဲ့ရာ လက်ရှိ သမ္မတ တမာယင်ကျိုး ထပ်မံ အနိုင် ရရှိသည်။
ထိုင်းနိုင်ငံ။ ၂၀၁၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါအတိုင်း ဖြစ်သည်-
          ၂၃-၁-၂၀၁၃ ရက်။   ။ယိုးဒယား ဝန်ကြီးချုပ် ယင်လပ် ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ အစိုးရ အဖွဲ့သည် ယိုးဒယား ဘုရင်၏ ရှေ့မှောက်၌ ကျမ်းသစ္စာ ကျိန်ဆိုသည်။
        ၃၀-၇-၂၀၁၂ ရက်။   ။ထိုင်းလုံခြုံရေး တပ်ဖွဲ့များက ဝယ်ယူခဲ့သော အမေရိကန် ဒေါ်လာသန်း ၃၀ တန်ဖိုးရှိ ဗုံး ရှာ ကိရိယာ အတု ၁၅၀၀ ကျော်သည် ကစားစရာ အရုပ် ကဲ့သို့ပင် အသုံး မဝင်ကြောင်း အမေရိကန် သံရုံးက သတိပေး ပြောကြား ခဲ့သော်လည်း ထိုင်းကြည်းတပ်သည် လက်ရှိ အချိန်တွင် အစ္စလာမ္မစ် သူပုန်များ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် တပ်ဖြန့် ချထားသည်။
          ၄-၁၀-၂၀၁၂ ရက်။   ။ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး ၃၀၀ခန့်သည် ဘင်္ဂလားဒေ့ ရှ် နိုင်ငံတွင် ဖြစ်ပွားနေသော မွတ်စလင်များက ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်းများနှင့် ဗုဒ္ဓဘာသာ ဝင်များ၏ နေအိမ် များကို မီးရှို့တိုက်ခိုက် ဖျက်ဆီးနေမှု အပေါ် ဆန့်ကျင် ဆန္ဒပြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ။   ။ ၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
          ၂၃-၉-၂၀၁၂ ရက်။   ။ဘင်္ဂလားဒေ့ရှ် နိုင်ငံ တစ်ဝန်း၌ တမန်တော် မိုဟာမက်အား လှောင်ပြောင်သရော် ထားသည့် အမေရိကန် ရုပ်ရှင် ဇာတ်လမ်းကို ဆန့်ကျင့်သည့် ဆန္ဒပြမှု များကြောင့် ကျောင်းများ၊ ဈေးဆိုင်များနှင့် ရုံးအများစု ပိတ်သိမ်း ခဲ့ရပြီး ဆန္ဒပြသမား ၄၀ ဦး ခန့်အား ထိန်းသိမ်းထားသည်။
          ၃၀-၉-၂၀၁၂ ရက်။   ။အစ္စလာမ် ဘာသာအား ထိုးနှက် တိုက်ခိုက်ထားသော ကိုရန် ကျမ်းစာအား အသရေ ဖျက်သည့် ဓာတ်ပုံတစ်ပုံကို ဗုဒ္ဓဘာသာဝင် တစ်ဦးက အင်တာနက် Facebook တွင် တင်ထားမှုကို အကြောင်းပြု၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းရှိ ရာမူးမြို့နှင့် ဆက်စပ်နေသော ကျေးရွာများတွင် အစ္စလာမ် ဘာသာဝင် ၂၅,၀၀၀ ခန့်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၅ ကျောင်းနှင့် ဗုဒ္ဓဘာသာဝင်များ၏ အိမ်ခြေ ၁၀၀ ခန့်အား မီးရှို့ ဖျက်စီးသည်။
          ၂၀-၁၀-၂၀၁၂။   ။ဘင်္ဂလားဒေ့ရှ် အထူး စစ်တရားရုံး တစ်ခုသည် ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့သော စစ်ပုန်ကန်မှု၌ ပါဝင်ခဲ့မှုနှင့် ဦးဆောင်မှု ပြုလုပ်ခဲ့ခြင်းတို့ အတွက် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၇၂၃ ဦးကို ထောင်ဒဏ် ချမှတ်သည်။
အိန္ဒိယနိုင်ငံ။ ၂၀၁၂ ခုနှစ်အတွင်း အိန္ဒိယ နိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
          ၁၉-၄-၂၀၁၂ ရက်နေ့။   ။အိန္ဒိယ နိုင်ငံသည် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်စွမ်း ရှိသော တာဝေးပစ် Agni-V ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်သည်။
     ၂၂-၇-၂၀၁၂ ရက်နေ့။   ။အိန္ဒိယ နိုင်ငံ၌ ပြုလုပ်ခဲ့သော သမ္မတ ရွေးကောက်ပွဲတွင် အသက် ၇၇ နှစ် ရှိပြီဖြစ်သော အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ပရာနက်မူခါဂျီးသည် အောက်လွှတ်တော် ဥက္ကဌ ဟောင်း ပီအေဆန် ဂမာအား ထောက်ခံမဲ ၅၅၈,၀၀၀ ကျော်ဖြင့် အနိုင် ရရှိသည်။
         ၂၉-၇-၂၀၁၂ ရက်နေ့။   ။အိန္ဒိယ နိုင်ငံသည် အလေးချိန် ၃၀၀ ကီလိုဂရမ်ရှိ သမားရိုးကျ ထိပ်ဖူးအား သယ်ဆောင် နိုင်ပြီး ၂၉၀ ကီလိုမီတာ (၁၈၀.၂ မိုင်) အထိ ရောက်ရှိ ပစ်ခတ်နိုင်ပြီး အသံထက် မြန်သည့် ဘရာမို့စ် ခရုစ် ဒုံးပျံအား အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်သည်။
          ၃၀-၇-၂၀၁၂ ရက်နေ့။   ။အိန္ဒိယ ရေတပ်၏ လေယာဉ်တင် သင်္ဘော INS Vikramaditya ပေါ်တွင် ၎င်းသင်္ဘော အားပြုပြင် မွမ်းမံပြီး ချိန်မှစ၍ ပထမဆုံး အကြိမ်အဖြစ် ရုရှား လေယာဉ်မှူးများ မောင်းနှင်သော MiG-29KUB လေယာဉ် တစ်စင်းအား ဆင်းသက် လေ့ကျင့်မှု ပြုလုပ်သည်။
          ၁၉-၈-၂၀၁၂ ရက်နေ့။   ။အိန္ဒိယနိုင်ငံ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (DRDO) နှင့် အစ္စရေး လေကြောင်းစက်မှုလုပ်ငန်း (IAI) တို့က ပူးပေါင်း လုပ်ဆောင်သော ရူပီး ၂၆၀၆ ကုဋေ (အမေရိကန် ဒေါ်လာ ၄၆၇ သန်း) တန်ဖိုးရှိသည့် LR-SAM စီမံကိန်းမှ အိန္ဒိယ ရေတပ်၏ P-15 Kolkata အတန်းအစားဖျက် သင်္ဘောများတွင် တပ်ဆင်ပေးရန် ထုတ်လုပ်သည့် တာဝေးပစ် ရေပြင်မှ ဝေဟင်ပစ် ဒုံးပျံ (LR-SAM) လမ်းကြောင်း ထိန်းချုပ်ရေး စမ်းသပ်မှု ပြုလုပ် အောင်မြင်သည်။
        ၂၇-၁၀-၂၀၁၂ ရက်နေ့။   ။အိန္ဒိယ နိုင်ငံတွင် နိုင်ငံခြားရေး ဝန်ကြီး အက်စ်အမ်ခရစ်ရှ်နား အပါအဝင် ဝန်ကြီး ၄ ဦးတို့သည် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ထံသို့ နုတ်ထွက် စာများ တင်သွင်းသည်။
          ၂၈-၁၀-၂၀၁၂ ရက်နေ့။   ။အိန္ဒိယ ကွန်ဂရက် ပါတီ ဦးဆောင်သည့် စည်းလုံးညီညွှတ်သော ဖွံ့ဖြိုး တိုးတက်ရေး မဟာမိတ် (United Progressive Alliance_UPA) အစိုးရ အဖွဲ့သည် အစိုးရ အဖွဲ့ အပြောင်း အလဲ ပြုလုပ်ခဲ့ပြီး ဝန်ကြီး ၂၂ ဦးအား ခန့်အပ်ခဲ့ရာ ၁၀ ဦးမှာ အသစ်ခန့်အပ် ခံရသူများ ဖြစ်ပြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးသစ် ၇ ဦး၊ အငယ်တန်း ဝန်ကြီး ၁၅ ဦးတို့သည် အိန္ဒိယ သမ္မတ ပရာနက်မူခါဂျီး၏ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုသည်။
        ၂-၁၂-၂၀၁၂ ရက်နေ့။   ။အိန္ဒိယ နိုင်ငံမှ INs Mysore ဖျက်သင်္ဘော၊ Tabar အတန်းအစား ပဲ့ထိန်းဒုံးတင် ဖရီးဂိတ် သင်္ဘော အပါအဝင် လေယာဉ် အမျိုးမျိုးနှင့် ရုရှား နိုင်ငံမှ Marshal Shaponishkov ဖျက်သင်္ဘော၊ Alatau စစ်ရေယာဉ်စုဆွဲ သင်္ဘောနှင့် Irkut ဆီတင် သင်္ဘောတို့သည် INDRA အမည်ရှိ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့် ခန်းအား အိန္ဒိယ နိုင်ငံ မွမ်ဘိုင်း ကမ်းလွန်တွင် ၂ ရက်ကြာ ပြုလုပ်သည်။
မြ၀တီ
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License