ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၁၃
လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားနေသော မြန်မာနိုင်ငံ တွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ေ ဆာက်ပြီး လျှပ်စစ်ပြဿနာ ကို ဖြေရှင်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုကို အမျိုးသား လွှတ်ေ တ်ာတွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စား လှယ် များ က ပြောကြားသည်။ ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုး သား လွှတ်ေ တာ် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ် သည့် အမျိုး သား လွှတ်ေ တာ် တွင် တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် မဲခွဲ ဆုံးဖြ တ် ရာ ထောက် ခံမဲ ၂၉ မဲ၊ ကန့်ကွက်မဲ ၁၁၀ ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြ စ်သည်။
“လျှပ်စစ်ဓာတ်အား လုံလောက်မှ ပြည်ပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှာ။ အနည်းဆုံး တစ်လုံးလောက်ေ တာ့ ဆောက်သင့်တယ်” ဟု ရန်ကုန်တိုင်းဒေ သကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနောင်က ဆိုသည်။ “နိုင်ငံတကာ အကြွေးတွေကိုတောင် မဆပ်နိုင်သေးဘဲနဲ့ မလုပ်သင့်ဘူး။ ဆင်းရဲနွမ်းပါးမှု လျှော့ ချရေးကိုသာ ဦးစားပေးသင့်တယ်” ဟု မန္တလေး တိုင်းဒေ သကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်ေ မာင် ဝင်းက ပြောဆိုသည်။ နျူကလီးယား ဓာတ်ပေါင်းဖို မတည်ဆောက်သေးသော် လည်း လျှပ်စစ် စွမ်းအင် လိုအပ်ချက်ကြောင့် တည်ဆောက်လျှင် အဆင်သင့်ဖြစ်စေရန် အိမ်နီးချင်းနိုင် ငံများ၏ နျူ ဓာတ်ပေါင်းဖို တည်ဆောက် လည်ပတ်ပုံကို ကြိုတင်လေ့လာသင့်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက အကြံပြုခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
The Voice
No comments:
Post a Comment