ကျိုက်ခေါက်ဘုရားပွဲတွင် လျှပ်စစ်မီးချောင်းထွန်းခဈေးကြီးလွန်းသည်ဟု ဈေးသည်များယူဆ

Monday, February 25, 2013

February 25, 2013Home, သတင်း

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ကျိုက်ခေါက်စေတီ တော်မြတ်ကြီးတွင်ကျင်းပသော ဘုရားပွဲတွင်လျှင် စစ်မီးသွယ်တန်း သည့်ကိစ္စနှင့်ပတ်သက်၍ဂေါပက အဖွဲ့၏ငွေကောက်ခံနှုန်းပမာဏ မှာများလွန်းနေကြောင်းဈေးသည် များယူဆလျှက်ရှိကြောင်းသတင်း ရရှိသည်။
“ကျွန်တော်တို့ကဒီဘုရားပွဲ ကြီးကလူစည်တယ်ရောင်းကောင်း တယ်ဆိုလို့ဈေးလာရောင်းပါတယ်။ ဒါပေမဲ့စရောက်ကတည်းကဆိုင် ခန်းတွေကလည်းဈေးကြီးတယ်။လျှပ်စစ်မီးကျတော့လည်းမီးချောင်း တစ်ချောင်းကို(၇၀၀၀)ကောက်ပါ တယ်။ဒီဟာကပွဲကာလအစက ပွဲကာလအဆုံးအထိဆိုလည်းဒီဈေး ပဲ။ တစ်ရက်တည်းထွန်းလည်း ဒီဈေးပဲ။ကျွန်တော်တို့ကပေ(၂၀) ပေ(၃၀)ဆိုတော့ကိုယ့်ဆိုင်လင်း အောင်မီးချောင်း(၃)(၄)ချောင်းယူ ရတယ်။အဲတော့စရိတ်တွေပိုကုန် တာပေါ့။အိမ်တစ်အိမ်မှာမီးအစုံ သုံးရင်တောင်တစ်လကို(၇၀၀၀) ထောင်၊မီးသွယ်ဖို့သွားလျှောက်ရင် လည်းလျှောက်လွှာတစ်စောင်ကို (၃၀၀)ပေးဝယ်ရသေးတယ်။တအေအ (၁၀၀) ကို(၁)နာရီထွန်းရင် တောင် မှ(၁)ယူနစ်ပဲရှိတဲ့ဟာမီးချောင်း တစ်ချောင်းကိုဒီလောက်ယူတာက တော့များပါတယ်”ဟုဈေးသည် များမှသုံးသပ်ပြောကြားခဲ့သည်။
အဆိုပါကိစ်္စနှင့်ပတ်သက်၍ ဘုရားဂေါပကအဖွဲ့အားသွားရောက် မေးမြန်းကြည့်ရာ“မီးနဲ့ပတ်သက်ပြီး ဦးတို့အနေနဲ့မီးချောင်းတစ်ချောင်း ကို(၁)ရက်ထွန်းလည်း(၇၀၀၀) ကောက်တယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ တစ်ရက်ဟာတစ်ရက် ကောက်ဖို့ကျတော့လည်းမဖြစ် ဘူး။ ဒါကဈေးသည်တွေဖက်က ကြည့်တော့လည်းမှန်ပါတယ်။ သို့လျှပ်စစ်မီးဆိုတာကလူတိုင်း လုပ်လို့ရတဲ့ အရာမျိုးကယာယီ ကျင်းပတာဖြစ်တဲ့ အတွက်ပွဲ မဟုတ်ပါဘူး။ ပညာရှင်တွေ လက်မှတ်ရတဲ့ပုဂ္ဂိုလ်တွေကိုငှားရ တယ်။ ဘုရားပွဲမစခင်ကယာယီ ကျင်းပတာဖြစ်တဲ့အတွက်ပွဲမစခင် မကြိုးတွေ သွယ်တာတို့လိုမျိုးလုပ် ရတယ်။ နောက်ပြီးကြေးကြိုးဝယ် ရတာတို့လိုမျိုးတွေရှိတော့ ကုန်ကျ စရိတ်တွေအများကြီးရှိပါတယ်။ နောက်ပြီးယာယီမီးသုံးစွဲခွင့် တွေလျှောက်ရတယ်။ ဦးတို့အနေ နဲ့ကလည်း လိုအပ်ချက်တွေအခက် အခဲတွေအများကြီးရှိပါတယ်။ တစ်ရက်ဟာတစ်ရက်ကောက်တာ မျိုးကတော့တကယ်လုပ်သင့်ပေမဲ့ ဒီဘုရားပွဲမှာကလူတွေအများကြီး ရှိတယ်။ ဦးတို့မှာက ဒီဘုရားပွဲ အတွေ့အကြုံတစ်ခုတည်းရှိတာ ဈေးသည်တွေမှာကမြန်မာတစ်နိုင်ငံ လုံးရဲ့အတွေ့အကြုံတွေ နည်းမျိုး စုံတွေရှိတဲ့အတွက် လုပ်လို့မဖြစ် ပါဘူး။ အိမ်တစ်အိမ်မှာ (၁) လ (၇၀၀၀) မကျပေမဲ့ဘုရားပွဲမှာတော့ မီးတစ်ချောင်းကို (၇၀၀၀)ကျပါ တယ်။ ဦးတို့စီမှာစာရင်းမသွင်းပဲ ခိုးသွယ်တဲ့ လူတွေကို လျှပ်စစ်က စစ်ဆေးတွေ့ရင် ကြေညာထားတဲ့ အတိုင်းပြင်းပြင်းထန်ထန်အရေး ယူမယ်”ဟု ဂေါပကအဖွဲ့ဝင်ပြန် ကြားရေးကော်မတီဥက္ကဋ္ဌဦးမြင့်ဝင်း မှပြောကြားခဲ့သည်။

ညီညီအောင်

မှ The Hot News

အေးချမ်းမွန်မှ The Hot News တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။
Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License