သိမ်းဆီးမြေယာ ပဋိပက္ခ ဖြေရှင်းရေး

Monday, February 25, 2013

 ဖေဖော်ဝါရီလ (၂၅) ရက်နေ့၊

အစိုးရမှ သိမ်းဆီးထားသည့် မြေယာများ ပြန်ရရေး အလုပ်ရုံဆွေးနွေးပွဲ တရပ်ကို အမေရိကန် NGO နှင့် သြစတြေးလျား NGO တို့က ထိုင်းမြန်မာ နယ်စပ် တနေရာတွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း တက် ရောက်ခဲ့သူ မွန်ပြည်သစ် ပါတီ အရာရှိတဦးက ဆိုပါသည်။

“ လယ်ယာမြေ သိမ်းဆီးမှုပြဿနာရဲ့ အစဟာ ကျနော်တို့ နိုင်ငံက လယ်ယာ ဥပဒေကြောင့်ပါ။ အဲဒါက လယ်လုပ်သူ လယ် လုပ်ပိုင်ခွင့်သာ ရှိပါတယ်။ ဒါကြောင့် အစိုးရက လိုက်လံ သိမ်းခွင့် ရှိနေခြင်းဖြစ်ပါတယ်။ လယ်အသိမ်းခံရတဲ့ သူတွေကလည်း လယ်ယာ ပိုင်ဆိုင်ခွင့် မရှိတဲ့ အတွက်ကြောင့် လယ်လုပ်သူ လယ်ပိုင်ခွင့် ရရှိရေးအတွက် တိုင်းရင်းသား လက်နက် ကိုင်တွေ ပေါ်လာရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။” ဟု ဆိုပါသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသို့ လက်နက်ကိုင် တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်များ အပါဝင် ပြည်တွင်းမှ မြန်မာအဖွဲ့ အစည်း များမှ ကိုယ်စားလှယ်ပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

၁၉၉၅ ခုနှစ် နှောင်းပိုင်းကာလ၌ အစိုးရတပ် အင်အား (၁၀) တပ်ရင်းခန့်သည် မွန်ပြည်နယ်တွင် ထပ်မံတို့ချဲ့ လာခဲ့ပါသည်။ အထူးသဖြင့် မွန်ုပြည်နယ်ရေးမြို့နယ် မော့ကနင်ကျေးရွာနှင့် ရေးချောင်းဖျားရှိ ကျောင်းရွာ အပါဝင် နေရာအနှံ့ တပ်စခန်း အသစ်များတည် ဆောက်ရန် ရော်ဘာခြံ၊ ကွမ်းခြံနှင့် လယ်ယာမြေများ သိမ်းဆီးခဲ့ပါသည်။

“ ဗိုလ်ချုပ်မောင်အေးက တပ်စခန်းဆောက်ဖို့အတွက် တပ်ရင်း တရင်းကို မြေဧက (၂၀၀) ခန့်သာ သိမ်းဆီးရန် ညွှန်ကြား ထားခဲ့တယ်။ အဲဒီတော့ တပ်ရင်း (၁၀) ရင်းဆိုရင် အားလုံးပေါင်း ဧက (၂၀၀၀၀) ဘဲသိမ်းရမယ်။ ဒါပေမဲ့ တပ်မတော်က ဧကပေါင်း (၆၈၀၀) ခန့် သိမ်းဆီးလိုက်တယ်။” ဟု မွန်ပြည်သစ် အရာရှိက ဆိုပါသည်။

သိမ်းဆီးလိုက်သည့် မြေများကိုလည်း အစိုးရနှုံးထားအဖြစ် တဧက တထောင်ကျပ်နှုန်းသာ လျှော်ကြေးပေးခဲ့ပါသည်။ ပေါက်ဈေးအားဖြင့် သိန်းပေါင်းများစွာတန်သော နေရာတွင် ရွေးချယ်ပြီး သိမ်းဆီးခဲ့ကြသဖြင့် လယ်သမားများ နစ်နာဆုံးရှုံး ခဲ့ရပါသည်။

ထို့အပြင် နိုင်ငံတကာမှ လာရောက် ရင်နှီးမြှုပ်နှံမှုများ ပြုလုပ်သည့်အခါ၌လည်း အစိုးရတို့က လယ်ယာ၊ ခြံမြေ များကို သိမ်း ဆီးခဲ့ပါသည်။ အစိုးရ ခရိုနီများနှင့် အစိုးရစီမံကိန်းများတွင်လည်း လျှော်ကြေးအနည်းငယ်ဖြင့် သိမ်းဆီးကြပါသည်။

ဤပြသနာသည် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်မှ စတင်ခဲ့ပြီးနှစ်ပေါင်း ၆၀ ခန့် ရှိပါသည်။ ဤသို့ကြောင့် ဤဥပဒေကြောင့် နစ်နာ ခဲ့ရသဖြင့် မြေယာ သိမ်းဆီးမှု ပြဿနာများကို အပြီးသတ်စေရန် အမေရိကန်နှင့် သြစတြေးလျား NGO များမှ အချက် အလက်များ လာရောက် စုဆောင်း ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

လယ်သမားများသည် လယ်လုပ်သူ လယ်ပိုင်ခွင့်ကို ကျင့်သုံးစေချင်သည်။ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်ကြောင့် လက်ရှိ အခြေအနေတွင် နေရာ အနှံ့၌ပြသနာဖြစ်နေခဲ့ပါသည်။ ဈေးပေါပေါဖြင့် ခရိုနီများသည် အချက်အချာ ကျသောနေရာများကို သိမ်းဆီး ခဲ့ပါသည်။ လယ်သမားများ၏ မကြေနပ်သော ပြသနာကြောင့် တချို့ခရိုနီများသည် ပြန်လည် လွဲအပ်ခဲ့သော်လည်း အများစုသည် သိမ်းဆီးမြဲရှိနေပါသည်။

အမေရိကန်နှင့် သြစတြေးလျား NGO များသည် ဤပြသနာကို မည်သို့ဖြေရှင်းသွားမည် ကိုလည်း လယ်သမားများက စိတ်ဝင်စားလျှက် ရှိကြောင်း ဆိုကြပါသည်။
ရွှေဟသာင်္သတင်းဌာန
Phophtaw News Association
သိမ်းဆီးမြေယာ ပဋိပက္ခ ဖြေရှင်းရေး

အဲာပိုန် ဖေဖော်ဝါရီလ (၂၅) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License