ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
သန်းခေါင်စာရင်း ကောက်ယူရန် ပြင်ဆင် နေသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား မျိုးနွယ်စု တစ်ရာကျော် အနက် ရိုဟင်ဂျာလူမျိုး လုံးဝ မပါရှိကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ဖေဖော်ဝါရီလ ၂၀ရက်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး ရှိ၊ မရှိကို ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က မေးမြန်းသဖြင့် ၄င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လူမျိုး မည်သည့် အခါကမှ မရှိခဲ့ပါဘူး” ဟု ဦးကျော်ကျော်ဝင်းက ဆိုသည်။
၁၉၇၃ခုနှစ် သန်းခေါင်စာရင်း မကောက်ယူမီ အချိန်ထိ မူဆလင် လူမျိုးဟုသာ သုံးစွဲ ထားသဖြင့် သန်းခေါင်စာရင်း မှတ်တမ်းများတွင် ရိုဟင်ဂျာလူမျိုး မပါဝင်သည့် အပြင် ၁၉၇၃ခုနှစ် သန်းခေါင် စာရင်း ကောက်ယူပြီး နောက်ပိုင်း တိုင်းရင်းသား လူမျိုး မဟုတ်သည့် လူမျိုးများ စာရင်း တွင်လည်း ဘင်္ဂါလီ၊ တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန် လူမျိုးများသာ တွေ့ရှိရကြောင်း ဦးကျော်ကျော်ဝင်းက ပြောသည်။
“၇၃ခုနှစ် သန်းခေါင်စာရင်း ကောက်တုန်းက ကျွန်တော်တို့က ရိုဟင်ဂျာ လို့ ဖြည့်တယ်။ ကောက်တဲ့သူက ဘင်္ဂါလီလို့ ပြင်ခဲ့လို့ မှတ်တမ်းတွေ ထဲမှာ မတွေ့ရတာပါ” ဟု မိမိကိုယ်ကို ရိုဟင်ဂျာ လူမျိုးဟု ဆိုသူ ဦးကျော်စိုးအောင် က ဆိုသည်။
၁၉၆၅ ခုနှစ်ထိ ရိုဟင်ဂျာ လူမျိုးကို တိုင်းရင်းသား လူမျိုးများတွင် ထည့်သွင်း ထားသဖြင့် မြန်မာ့အသံ ၏ တိုင်းရင်းသား အစီအစဉ် တွင် တစ်ပတ်လျှင် နှစ်ကြိမ် ခန့် အသံ လွှင့်ခဲ့ဖူးကြောင်း ၄င်းက ပြောပြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာ လူမျိုးများသည် တိုင်းရင်းသား လူမျိုးများတွင် မပါဝင်သဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးမှ တာဝန်ယူ စောင့်ရှောက် ပေးရန်နှင့် တတိယ နိုင်ငံ တစ်ခုမှ လက်ခံလျှင် ပို့ပေးမည် ဖြစ်ကြောင်း တရားဝင် ပြောကြား ထားသည်။ ထိုင်းနိုင်ငံ တွင်းသို့ ခိုးဝင်လာသည့် ရိုဟင်ဂျာ လူမျိုးများ ကိုလည်း ထိုင်းနိုင်ငံ အစိုးရက တိုင်းရင်းသား လူမျိုးအဖြစ် အသိအမှတ် မပြုဘဲ တတိယ နိုင်ငံ တစ်ခုမှ တာဝန်ယူလျှင် ပို့ပေးသွားမည် ဟု ပြောကြားထားသည်။
မှThe Voice Weekly

No comments:
Post a Comment