မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ကိစ္စရပ်များတွင် ဆားဘီးယား နိုင်ငံမှ ပူးပေါင်း ပါဝင် ဆောင်ရွက်ရေး ဆွေးနွေး

Friday, February 22, 2013

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဆားဘီး ယား သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Ivan Mrkic ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ဆားဘီးယား သမ္မတ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဆားဘီးယား နိုင်ငံ သံရုံးမှ သံရုံး ယာယီ တာဝန်ခံ Mr. Nino Maljevic လည်း တက်ရောက်သည်။
တွေ့ဆုံရာ၌ ပညာရေးနှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ နိုင်ငံ၏ စွမ်းအင်၊ သစ်တော၊ ရော်ဘာ၊ စားသောက်ကုန် ထုတ်လုပ်ရေး ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံရေး ကိစ္စရပ်များ၊ မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ကိစ္စရပ် များတွင် ဆားဘီးယား နိုင်ငံမှ ပူးပေါင်း ပါဝင် ဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
ထို့အတူ နိုင်ငံတော် သမ္မတက ဆွေးနွေး ပြောကြားခဲ့ရာ၌ ဆားဘီးယား နိုင်ငံ သမ္မတက ၎င်း၏ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ မိမိအား ဖိတ်ကြားခဲ့သည့် အတွက် ကျေးဇူးတင် ရှိပါ ကြောင်းနှင့် မိမိကလည်း အဆွေတော်တို့၏ သမ္မတ ကြီးအား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပါရန် ဖိတ်ကြား ပါကြောင်းဖြင့် ပြောကြားခဲ့ပြီး ဆားဘီးယားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးက ဘဲလ်ဂရိတ် မြို့တွင် မြန်မာ သံအမတ်ကြီး ထားရှိပြီး ဖြစ်၍ ဆား ဘီးယား နိုင်ငံကလည်း မြန်မာနိုင်ငံတွင် သံအမတ်ကြီး အဆင့်ကို လာမည့် မေလတွင် စတင် ထားရှိရန် စီစဉ် ထားပါကြောင်းဖြင့် ဆွေးနွေး တင်ပြခဲ့သည်။

http://www.mwdmedia.net/2013/02/blog-post_4667.html
Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License