အရောင်မခွဲခြားနိုင်သူများအတွက် မျက်မှန်

Saturday, February 23, 2013

အရောင်မခွဲခြားနိုင်ခြင်းကို ကုသပြီး ရောင်စုံပြည့်အမြင်အာရုံပေး စွမ်းနိုင်သည့် နည်းပညာမြင့် မျက်မှန် ကို ပထမဆုံးအကြိမ်အဖြစ် သိပ္ပံပညာရှင်များ တီထွင်နိုင်ခဲ့ကြသည်။
မျက်မှန်သည် အချို့အမျိုးသမီးများနှင့် အမျိုးသား (၁၀) ဦးတွင် တစ်ဦးခံစားနေရသည့် အနီရောင်-အစိမ်းရောင်မခွဲခြားနိုင်ခြင်းကို အဓိကကုသနိုင်ကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။
အမေရိကန် သုတေသနဌာနတစ်ခုမှ တီထွင်ထားသည့် အဆိုပါ Oxy-Iso မျက်မှန်များသည် ဆရာဝန် များအား ရှာဖွေရခက်ခဲသည့် သွေးပြန်ကြောများ၊ သွေးချေဥနေရာများကို လွယ်ကူစွာတွေ့ရှိနိုင်ရန် တီထွင် ထားခြင်းဖြစ်သည်။
စမ်းသပ်ချက်များအရ မျက်မှန်သည် အရောင်မခွဲခြားနိုင် (အရောင်ကန်း) သူများအား အနီရောင်နှင့် အစိမ်းရောင်ကို သာမန်ထက်တောက်ပစွာ မြင်နိုင်စေမည်ဖြစ်သည်။ သို့သော် အ၀ါရောင်နှင့် အပြာရောင်များကို မြင်နိုင်စွမ်းလျော့ကျစေသောကြောင့် ကားမောင်းသူများ ၀တ်ဆင် ရန်မသင့်ပေ။
လူသား၏ အမြင်အာရုံသည် နို့တိုက်သတ္တ၀ါများ ထဲ၌ ရှေ့တန်းအကျဆုံးဖြစ်ပြီး ဥပမာအနေနှင့် အရေပြားပေါ်ရှိ နီမြန်းသည့်နေရာများ၊ ဖျော့တော့သည့် နေရာများအပါအ၀င် အရေပြားကျန်းမာရေးကို အသေးစိတ်မြင်နိုင်သည့် စွမ်းရည်ရှိကြောင်း Oxy-Iso မျက်မှန်တီထွင်သူ ဦးနှောက်အာရုံကြောဇီဝဗေဒပညာရှင် မာ့ခ်ချန်ဂီဇီကဆိုသည်။
Oxy-Iso မျက်မှန်သည် အနီရောင်နှင့် အစိမ်းရောင်ကို အဓိကမြှင့်တင် ဖော်ပြပေးမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်ကဆိုသည်။
အဆိုပါတီထွင်မှုသည် မတော်တဆ တွေ့ရှိမှုတစ်ခုဖြစ်သည်။ လူသားအမြင်အာရုံသည် အရေပြား နီခြင်းကဲ့သို့ မသိမသာ ပြောင်းလဲမှု များကိုမြင်တွေ့နိုင်ပြီး မိတ်ဆွေဖြစ်စေ၊ ရန်သူဖြစ်စေ ၎င်းင်းတို့၏စိတ်ခံစား ချက်ကို အရေပြားအရောင်ပြောင်းမှု မှတစ်ဆင့် အာရုံခံသိရှိနိုင်ကြောင်း သက်သေပြနိုင်ရန် ချန်ဂီဇီက ၂၀၀၆ ခုနှစ်တွင် လေ့လာမှုတစ်ခုပြုလုပ်ခဲ့ သည်။ ထို့နောက် အရေးပေါ်ဆရာဝန် များအတွက် အရေပြားပွန်းပဲ့ဒဏ်ရာ၊ သွေးချေဥဒဏ်ရာ၊ သွေးထွက် ရာနေ ရာများကို အလွယ်တကူရှာဖွေတွေ့ ရှိစေရန် အထူးမျက်မှန်တစ်ခုတီထွင် ခဲ့ရာမှ ယခုကဲ့သို့ အရောင်မခွဲခြားနိုင် သူများအတွက် မျက်မှန်ထွက်ပေါ်လာ ခြင်းဖြစ်သည်။
အရောင်မခွဲခြားနိုင်သည့် ပြဿနာသည် အဖြစ်များသည့် ဝေဒနာတစ်ခုဖြစ်ပြီး ကမ္ဘာကျော်လူမှု ကွန်ယက်ခေနဘသသု တည်ထောင် သူ မာ့ခ်ဇက်ကာဘတ်မှာ အပြာရောင် တစ်မျိုးတည်းကိုသာ မြင်ရသဖြင့် facebook ကိုစတင်ဖန်တီးချိန်မှ ယနေ့အထိ အပြာရောင်ကိုသာ အဓိကသုံးစွဲခဲ့ခြင်းဖြစ်သည်။

Health Updates Journal

သီဟ
Source:PTI
Health Updates Journal
Vol-2,No-8
Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License