တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘော စစ်အခြေစိုက်စခန်းသို့ရောက်ရှိ

Wednesday, February 27, 2013

 Posted on Feb 27 13 - 03:22 AM
တရုတ်နိုင်ငံသည် ဆိုဗီယက် ယူနီယံခေတ်က အသုံးပြုခဲ့သည့် လေယာဉ်တင်သင်္ဘော အဟောင်းကြီး တစ်စင်းကို ပြန်လည် ဝယ်ယူကာ (၄)နှစ်ကြာအောင် မွမ်းမံ တည်ဆောက်ပြီးနောက် ရေတပ်အတွက် အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘော စစ်အခြေစိုက်စခန်းသို့ရောက်ရှိ
တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံးသော လေယာဉ်တင် သင်္ဘောကို စစ်အခြေစိုက် စခန်းတွင် ပထမဆုံးအကြိမ်အဖြစ် စတင် ရပ်နားခဲ့ကြောင်း သိရှိရသည်။ ရှန်ဒေါင်း အရှေ့ဘက်ဒေသရှိ ကွင်ဒါအို စစ်ဘက်ဆိုင်ရာ ဆိပ်ကမ်းတွင် လီယာအိုနင် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ကပ် ကျောက်ချထားခဲ့သည်။ တရုတ်နိုင်ငံသည် ဆိုဗီယက် ယူနီယံခေတ်က အသုံးပြုခဲ့သည့် လေယာဉ်တင်သင်္ဘော အဟောင်းကြီး တစ်စင်းကို ပြန်လည် ဝယ်ယူကာ (၄)နှစ်ကြာအောင် မွမ်းမံ တည်ဆောက်ပြီးနောက် ရေတပ်အတွက် အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ လီယာအိုနင်သည် အင်္ဂါနေ့က ဒါလီယန် သင်္ဘောကျင်း ကုမ္ပဏီမှ ထွက်ခွာကာ ကွင်ဒါအိုသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာသည်။



အဆိုပါ သင်္ဘောကြီးကို ယမန်နှစ် စက်တင်ဘာ (၂၅)ရက်နေ့တွင် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)၏ ရေတပ်သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ထိုအတောအတွင်း လီယာအိုနင်သည် သမုဒ္ဒရာထဲတွင် ရွက်လွှင့် ခုတ်မောင်းခြင်းနှင့် အခြားသော စစ်ဘက်နည်းပညာဆိုင်ရာ စမ်းသပ်ချက်များကို ပြုလုပ်နေခဲ့သည်။ လီယာအိုနင်သည် လေယာဉ် အတက်အဆင်း လက်တွေ့ စမ်းသပ်မှုများကိုလည်း ပြုလုပ်ခဲ့ပြီး သင်္ဘောပေါ်တွင် အခြေစိုက်နိုင်အောင် မွမ်းမံထားသည့် J-15 အမျိုးအစား တိုက်လေယာဉ်တစ်စင်း ဆင်းသက်မှုကို တနင်္ဂနွေနေ့က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

Source: Xinhua/Planet News
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License