ဟောင်ကောင် အခြေစိုက် အမေရိကန် အာမခံကုမ္ပဏီ AIA မြန်မာတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ရန် ရှိ

Wednesday, February 27, 2013

ဟောင်ကောင်၊ ဖေဖေါ်ဝါရီ ၂၇ ။

ဟောင်ကောင် အခြေစိုက် အမေရိကန် အာမခံကုမ္ပဏီAIA သည် မြန်မာတွင် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်
ရန်အတည်ပြုချက် ရရှိထားပြီး မကြာမီအတွင်း ရုံးခွဲဖွင့်လှစ်၍လုပ်ငန်းများဆောင်ရွက်သွားမည်ဟု သိရသည်။

AIA ၏ အမှုဆောင်အရာရှိချုပ် မက်တက်ကာက ကုမ္ပဏီသည်အစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီး မြန်မာတွင် စီးပွားရေးအခွင့်အလမ်းများ စူးစမ်းခြင်း၊ရှာဖွေခြင်းတို့ ကို ပြုလုပ်သွားမည်ဟုပြောကြားသည်။

၎င်းက မြန်မာဈေးကွက်နှင့် ပတ်သက်၍ “မြန်မာဟာ တစ်ခါကအလွန်ဆွဲဆောင်မှုရှိတဲ့ဈေးကွက် ဖြစ်ခဲ့ပြီး
 နောက်တစ်ခါအဲဒီလိုထပ်ဖြစ် လာမှာပါ” ဟု ပြောကြားသည်။

ယခုဖွင့်လှစ်မည့် ကိုယ်စားလှယ်ရုံးခွဲသည် နိုင်ငံတွင်း ကုမ္ပဏီတည်ထောင်ရေးအတွက်
 ပြင်ဆင်ရန်သာဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ ဆောင် ရွက်ခွင့်ကိုမူ ရရှိဦးမည်မဟုတ်ကြောင်း
သိရသည်။

AIA ၏ ပြိုင်ဖက်ဖြစ်သည့် Prudential သည် မြန်မာတွင်မူလကပင် ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားခဲ့ပြီး မြန်မာ့ဈေးကွက်မှာ အာမခံ ပရီမီ ယမ်ကြေးနှစ်စဉ်ဝင်ငွေ ဒေါ်လာ
၁ဒဿမ ၆ ဘီလီယံခန့် ရှိကြောင်း သတင်းက ဖေါ်ပြသည်။

Ref: South China MorningPost
မှ The Myanma Age
ဟောင်ကောင် အခြေစိုက် အမေရိကန် အာမခံကုမ္ပဏီ
AIA မြန်မာတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ရန် ရှိ

ဟောင်ကောင်၊ ဖေဖေါ်ဝါရီ ၂၇ ။

ဟောင်ကောင် အခြေစိုက် အမေရိကန် အာမခံကုမ္ပဏီ
AIA သည် မြန်မာတွင် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ရန်
အတည်ပြုချက် ရရှိထားပြီး မကြာမီအတွင်း ရုံးခွဲဖွင့်လှစ်၍
လုပ်ငန်းများဆောင်ရွက်သွားမည်ဟု သိရသည်။

AIA ၏ အမှုဆောင်အရာရှိချုပ် မက်တက်ကာက ကုမ္ပဏီသည်
အစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီး မြန်မာတွင် စီးပွားရေးအခွင့်
အလမ်းများ စူးစမ်းခြင်း၊ရှာဖွေခြင်းတို့ ကို ပြုလုပ်သွားမည်ဟု
ပြောကြားသည်။

၎င်းက မြန်မာဈေးကွက်နှင့် ပတ်သက်၍ “မြန်မာဟာ တစ်ခါက အလွန်ဆွဲဆောင်မှုရှိတဲ့ဈေးကွက် ဖြစ်ခဲ့ပြီး နောက်တစ်ခါအဲဒီလို
ထပ်ဖြစ် လာမှာပါ” ဟု ပြောကြားသည်။

ယခုဖွင့်လှစ်မည့် ကိုယ်စားလှယ်ရုံးခွဲသည် နိုင်ငံတွင်း ကုမ္ပဏီ တည်ထောင်ရေးအတွက် ပြင်ဆင်ရန်သာဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ ဆောင် ရွက်ခွင့်ကိုမူ ရရှိဦးမည်မဟုတ်ကြောင်း
သိရသည်။

AIA ၏ ပြိုင်ဖက်ဖြစ်သည့် Prudential သည် မြန်မာတွင်
မူလကပင် ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားခဲ့ပြီး မြန်မာ့
ဈေးကွက်မှာ အာမခံ ပရီမီ ယမ်ကြေးနှစ်စဉ်ဝင်ငွေ ဒေါ်လာ
၁ဒဿမ ၆ ဘီလီယံခန့် ရှိကြောင်း သတင်းက ဖေါ်ပြသည်။

Ref: South China MorningPost

အေးချမ်းမွန်မှ The Myanma Age တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License