မဟာဝိဇယ စေတီတော် မြတ်ကြီးနှင့် ရွှေတိဂုံ စေတီတော် တို့၌ ထမနဲထိုး ပြိုင်ပွဲများ ကျင်းပ

Monday, February 25, 2013

မဟာဝိဇယ စေတီတော် မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ထမနဲထိုး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် မဟာဝိဇယ စေတီတော်၌ ကျင်းပရာ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန် အနောက်ပိုင်း ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်နှင့် ဂေါပက အဖွဲ့ ခေါင်းဆောင် ဦးဘုန်းကျော်တို့က ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ထမနဲထိုး ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်သည် တော်များသည် မဟာဝိဇယ စေတီတော်၏ ဂန္ဓကုဋီ တိုက်အတွင်း ကိန်းဝပ် စံပယ်တော်မူသော ဗုဒ္ဓ ရုပ်ပွားတော်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ကပ်လှူ ပူဇော်ပြီး ဆွမ်းတော်ကြီး ကပ်လှူရန် ပြင်ဆင် ထားရှိမှုများကို ကြည်ညိုကာ ပြိုင်ပွဲဝင် အသင်း ၂၈ သင်း၏ ထမနဲထိုး ယှဉ်ပြိုင်နေမှု များကို လှည့်လည်ကြည့်ရှု အားပေး ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီး ချုပ်သည် ရွှေတိဂုံ စေတီတော် အရှေ့ဘက် အောက်ပစ္စယာ ထန်းပင် ကုန်းကွင်း၌ ကျင်းပသည့် ရွှေတိဂုံ စေတီတော် ဆဋ္ဌမ အကြိမ်မြောက် ထမနဲထိုး ပြိုင် ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ ရှေးဦးစွာ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ပွဲတော် ကျင်းပရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အုန်းက အဖွင့် မင်္ဂလာ စကား ပြောကြား သည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ ပွဲတော် ကျင်းပရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အုန်းနှင့် ဂေါပက အဖွဲ့ဝင် ဒေါက်တာ တင်သိန်းလွင် တို့က ထမနဲထိုး ပြိုင်ပွဲကို ရွှေကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင် အသင်း ၃၆ သင်း၏ မြန်မာ့ရိုးရာ ထမနဲထိုး ယှဉ်ပြိုင် နေမှုများကို လှည့်လည် ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/local/item/7709-2013-02-25-10-28-09

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License