မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြုပ်နှ
ယမန်နေ့ နေပြည်တော်တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအေ
မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြုပ်နှ
“ငွေကြေးမူဝါဒရဲ့အဓိက ရည်မှန်းချက်က ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိတဲ့ စီးပွားရေးတိုးတက်မှု Growth with stability ကိုရရှိရန် ဖြစ်ပါတယ်။ လက်ရှိကာလမှာ မြန်မာကျပ်ငွေတန်ဖိုး မြင့်မားနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို မြင့်မားနေရတဲ့ အကြောင်းအရင်းမှာ ပြည်ပကနေ ရင်းနှီးမြုပ်နှံမှုအပါအ၀င် နိုင်ငံခြားငွေစီးဝင်မှုများ
အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်တခုလုံး၏ ၀ယ်လိုအားနှင့် ရောင်းလိုအားအပေါ် အမှန်တကယ်ထင်ဟတ် စေသော နိုင်ငံခြားငွေလဲလှယ်ဈေးကွ
စီးပွားရေးပညာရှင်များကမူ အစိုးရ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများမှာ လိုအပ်ချက်များရှိနေပြီး လတ်တလော ဖြစ်ပေါ်နေသော ငွေလဲနှုန်းမှာမူ အမှန်တကယ် စီးပွားရေးကို ထင်ဟပ်ခြင်းမရှိသေးကြောင်း၊
ရန်ကုန် အဝေးသင်တက္ကသိုလ် အငြိမ်းစား ဘောဂဗေဒပါမောက္ခ ဒေါက်တာမောင်မောင်စိုးက လက်ရှိဖြစ်ပေါ်နေသော ငွေလဲနှုန်းသည် ငြိမ်သက်နေသော ငွေလဲနှုန်းဖြစ်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်း အများစုမှာ ရပ်တန့်နေကြောင်း၊ လက်ရှိ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည်ဟုလည်း မဆိုနိုင်ကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေး တိုးတက်မှုအရှိန် အဟုန်မြှင့်တင်ရန် ပီပြင်သော ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းရေးလုပ်ဆောင်ရန် အရေးကြီးသည်ဟု ဆိုသည်။
“ငွေတန်ဖိုး တက်တယ်၊ မာတယ်ဆိုတာက ကုန်ဈေးနှုန်းတွေ ကျသွားရမယ်၊ တိုင်းပြည်ရဲ့ ထုတ်လုပ်မှုတွေတိုးလာမှ ငွေတန်ဖိုးတက်တယ်၊ မာတယ်ပေါ့။ ဒီလိုပြောလို့ရမှာ။ လက်ရှိငွေလဲနှုန်းက စီးပွားရေးတွေ အားလုံးငြိမ်နေလို့ ဖြစ်နေတဲ့ ငွေလဲနှုန်းပဲ။ ငြိမ်တယ်ဆိုတာ လှုပ်ရှားမှုမရှိလို့ ငြိမ်နေတဲ့ ငွေလဲနှုန်းကို ပြောတာ။ တည်ငြိမ်တယ်လို့ပြောတာမဟုတ်
စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကမူ လက်ရှိအချိန်အထိ အစိုးရသည် FEC ငွေကြေးကို ရုပ်သိမ်းခြင်းမရှိသေး သည့်အပြင် နီးစပ်ရာ လုပ်ကိုင်ခွင့်ပေးသော ခရိုနီစီးပွားရေးစနစ်ကို တွင်ကျယ်နေဆဲဖြစ်သည်ဟု သုံးသပ်သည်။
“FEC အပြည့်အ၀ မဖျက်သေးရဘူး။ အမေရိကန်ဒေါ်လာနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကလည်း ရှိနေသေးတယ်။ လက်ရှိငွေလဲနှုန်းက Managed Floating အဆင့်မှာပဲရှိသေးတယ်။ ဈေးကွက်စီးပွားရေး မပီပြင်တဲ့အတွက် ခရိုနီစီးပွားရေးက ကြီးစိုးနေတယ်။ တန်းတူညီမျှ အပြိုင်အဆိုင် ခွင့်ပြုတဲ့ စီးပွားရေးပုံစံကို မဖြစ်သေးဘူး။ ဒါကြောင့်မို့လို့ လက်ရှိ စီးပွားရေးစနစ်နဲ့ ငွေလဲနှုန်းက အစစ်အမှန် မဟုတ်သေးဘူးလို့ ပြောလို့ရတယ်” ဟု ဒေါက်တာအောင်ကိုကိုက ရှင်းပြသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်ငွေ ၈၅၀ နှင့် ၅၆၆ ကျပ်အကြား ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်ထားသည်။
မြန်မာငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားသည် မြန်မာ့ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းများအပေါ် သက်ရောက်မှုများပြီး မြန်မာငွေတန်ဖိုး အလွန်မြင့်တက်စဉ်က ရေထွက်ပစ္စည်းထုတ်လုပ်သည့်လု
“တကယ်လို့သာ မြန်မာငွေတန်ဖိုးထပ်ပြီး ပြန်တက်လာရင် လုပ်ငန်းတွေရှုံးကြဦးမှာပဲ။ အခု လုပ်ငန်းပြန်လုပ်နိုင်တဲ့ လုပ်ငန်းက ၃၀ ရာခိုင်နှုန်းပဲရှိတယ်။ ၇၀ ရာခိုင်နှုန်းက ကျပ်ငွေတန်ဖိုးတက်တုန်းက အကြွေးတွေ တင်ပြီး လုပ်ငန်းတွေ ပြန်မလုပ်နိုင်တော့ဘူး။ အစိုးရကိုတော့ အရင်းအနှီးထုတ်ပေးဖို့ တင်ပြထားတာရှိတယ်။ သူတို့ကလည်း နိုင်ငံခြားအကူအညီရရင် ကူညီမယ်ပြောတယ်” ဟု ဦးသန်းလွင်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်ကမူ ငွေလဲနှုန်းတွင် မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်နေရခြင်း အကြောင်းအရင်းများတွင် တရားမ၀င် နိုင်ငံခြားငွေများ ၀င်ရောက်မှုကလည်း အဓိက အကြောင်းအရင်းဖြစ်သည်ဟု ဆိုသည်။
“တကယ်တော့ ဘိန်းရောင်းလို့ရတဲ့ငွေ၊ မူးယစ်ဆေးဝါးရောင်းလို့ရတဲ့
ယခင်စစ်အစိုးရခေတ်က အမေရိကန်တဒေါ်လာလျှင် မြန်မာငွေ ခြောက်ကျပ်သတ်မှတ်ခဲ့ပြီး မှောင်ခိုဈေးကွက်တွင် အမေရိကန်တဒေါ်လာ ကျပ်ငွေတထောင်ကျော်ဈေးပေါက
သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြားငွေလဲလှယ် ခွင့်လိုင်စင်များ စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် တဒေါ်လာ ခြောက်ကျပ်စနစ်ကို တရားဝင်ပယ်ဖျက်ကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နေ့စဉ် ရည်ညွန်း ငွေလဲနှုန်း ထုတ်ပြန်သောစနစ်ကို စတင်အသုံးပြုခဲ့သည်။
ယခုအခါ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ပုဂ္ဂလိကဘဏ်များအပြင် စီးပွားရေးကုမ္ပဏီများနှင့် အဖွဲ့အစည်းများကို လည်း နိုင်ငံခြား ငွေလဲလှယ်လိုင်စင်များ ထုတ်ပေးပြီး ငွေလဲစင်တာများ စတင်ဖွင့်လှစ်ခွင့်ပြုနေပြီ
ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်ငွေ ၈၅၀ နှင့် ၅၆၆ ကျပ်အကြား ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်ထားသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မှ ဧရာဝတီ
No comments:
Post a Comment