Green Park ထားသင့်သည့်နေရာအား ပညာရှင်တို့ အကြံပြု

Wednesday, February 20, 2013

 
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း၌ Green Park (အစိမ်းရောင် ဥယျာဉ်)အား တည်ဆောက်သင့်ကြောင်းနှင့် ရန်ကုန်တိရိစ္ဆာန်ရုံမှ တိရိစ္ဆာန်များကိုလည်း မည်သည့်နေရာမှ မပြောင်း ရွေ့စေလိုကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တို့က သုံးသပ်ပြောဆိုကြသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်များအား မကြာခင်ဆောက်လုပ်မည့် Green Park ( အစိမ်းရောင်ဥယျာဉ်)နှင့် ယှဉ်တွဲထားရှိခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ဗဟု သုတများတိုးလာနိုင်ခြင်းကြောင့်ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ပညာရှင် ဦးအုန်းက ဆိုသည်။“နှစ်မျိုးစလုံးကို တစ်နေရာထဲမှာ ထားမယ်ဆိုရင်တော့ သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေး ဗဟုသုတများစွာ တိုးပွားနိုင်တယ် ” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ပြောသည်။ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်များအား အခြားတစ်နေရာသို့
ပြောင်းရွှေ့မည်ဆိုပါက တိရစ္ဆာန်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်ချက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေ၀ီသန့်စင်က ဆိုသည်။
“အင်္ဂလိပ်လက်ထက်နှစ်ပေါင်း(၁၀၀)ကျော်ကတည်းက ထိန်းသိမ်းစောင့်
ရှောက်ခဲ့တဲ့ ရန်ကုန်တိရစ္ဆာန်ရုံကို ပြောင်းရွှေ့မယ်ဆိုရင် အထင်ကရနေရာ
ပျောက်ပျက်သွားမယ့်အပြင် တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးလည်း အထူး
ဂရုစိုက်ဖို့ လိုလာပါလိမ့်မယ်။ “ ဟု ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။
မြန်မာနိုင်ငံရှိ ရာသီဥတုဖောက်လွဲဖောက်ပြန်မဖြစ်ပေါ်စေရန် သစ်ပင်များစွာ စိုက်ပျိုးရန်လိုအပ်ပြီးGreen Park(အစိမ်းရောင်ဥယျာဉ်) ဆောက်လုပ်ခြင်းဖြင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူနိုင်ကာ တိရစ္ဆာန်များအတွက် အထူးသင့်လျော်သောကြောင့် Green Park ဆောက်လုပ်ပြီး တိရစ္ဆာန်များ ကိုလည်း အဆိုပါနေရာ၌ပင် ထားသင့်ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
“ Green Park လုပ်ရင်းနဲ့ တိရစ္ဆာန်တွေပါ ထားရင် ပိုကောင်းတယ်။ ရာသီဥတုအတွက် သစ်ပင်များများ စိုက်ဖို့လိုတယ်။ Green Park လုပ်ခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုများစွာ စုပ်ယူ နိုင်သည်။ မိသားစု တနင်္ဂနွေဆိုတဲ့ သီချင်းတောင် အစဉ်အလာအတိုင်းရှိနေသေးတာ”ဟ
ဒေါ် ဒေ၀ီသန့်ဇင်က ပြောသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်များကို မည်သည့်နေရာမှ မပြောင်းရွှေ့ဘဲ နိုင်ငံတကာ အဆင့်မီကဲ့သို့ မွမ်းမံပြင်ဆင်သင့်သည်ဟု အပန်းဖြေလာရောက် လည်ပတ်သည့် မိသားစုအချို့က အကြံပြုပြောဆိုသည်။
“ရန်ကုန်မြို့ရဲ့ အထင်ကရရှိတဲ့နေရာတစ်ခုကို ပြောင်းရွှေ့မယ့်အစား တိရစ္ဆာန်တွေကို ထပ်ထည့်ပြီး နိုင်ငံတကာ အဆင့်မီ ဥယျာဉ်တစ်ခုလို ပြုလုပ်
သင့်တယ် အခုဆိုရင် ဖျံရုံတွေမှာ အနံ့အသက် မကောင်းဘူး ၊ ဒါကို သန့်ရှင်းရေးလုပ်သင့်တယ် ၊ မျောက်တွေဆိုလည်း နည်းနေပြီ တိရစ္ဆာန်ဆိုတာ ဘယ်လို အကာင်မျိုးဆိုတာ ဘယ်လိုပြရမလဲတောင်မသိတော့ဘူး”ဟုရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။
ရန်ကုန်တိရစ္တာန်ဥယျာဉ်ကို လှော်ကားသို့ပြောင်းရွှေ့ပြီး အဆိုပါနေရာတွင် Green Park (အစိမ်းရောင်ဥယျာဉ်) ကို ဆောက်လုပ်သင့်/မသင့်ကို ပြည်သူ့
ဆန္ဒနားထောင်မည်ဟု နေပြည်တော် တိုင်းမ် ဂျာနယ်ပါ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားမှုအရ သိရသည်။
Myit Makha Mediagroup
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License