စစ်တွေ ရွှေပုစွန်ခြောက် ဈေးနှုန်း မြင့်တက်

Sunday, February 24, 2013

ရခိုင် ကမ်းရိုးတန်းဒေသ တစ်လျှောက်တွင် မိုးနှောင်း ကာလနှင့် ဆောင်းရာသီက ဈေးနှုန်းများ ကျဆင်းခဲ့သော စစ်တွေ ရွှေပုစွန်ခြောက် ဈေးကွက် သည် ယခု နွေဦးရာသီ၌ ဈေးနှုန်းများ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

နွေဦး ရာသီတွင် ပုစွန် ဖမ်းယူ ရရှိမှု နည်းပါးခြင်း၊ ရေလုပ်သားများ၏ ဖမ်းယူ ရရှိသည့် ပုစွန်များကို ပုစွန်ခြောက် ပြုလုပ်ရာတွင် သဘာဝ နေရောင်ခြည်ဖြင့် ထုတ်လုပ် နိုင်ခြင်းတို့ကြောင့် အရည် အသွေးမြင့် ပုစွန်ခြောက်များ ရရှိသဖြင့် ဈေးကွက်တွင် ဈေးကောင်း ရနေခြင်း ဖြစ်ကြောင်း၊ မိုးရာသီတွင် ပုစွန် ဖမ်းယူ ရရှိမှုများပြီး ပုစွန်ခြောက် ပြုလုပ်ရာတွင် မီးဖြင့် ကျပ်တင် ရသဖြင့်ရွှေပုစွန်ခြောက် အရည်အသွေး ညံ့ကာ ဈေးနှုန်းလည်း ကျဆင်း ရခြင်း ဖြစ်ကြောင်း ဈေးကွက်များမှ လေ့လာ သိရှိရသည်။

လက်ရှိ စစ်တွေမြို့ ရွှေပုစွန် ဈေးကွက်တွင် ရွှေပုစွန်ခြောက် အကြီး(ရှယ်) တစ်ပိဿာလျှင် ငွေကျပ် ၁၇ဝဝဝ၊အလတ်(သင့်) တစ်ပိဿာလျှင် ငွေကျပ် ၁၄၅ဝဝနှင့် အသေး တစ်ပိဿာလျှင် ငွေကျပ် ၁၃ဝဝဝ ဈေးနှုန်းများဖြစ်ပြီး ယခင်လ ဈေးနှုန်း များထက် တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ ခန့် မြင့်တက် ခဲ့ကြောင်း သိရသည်။
မှ မြ၀တီ

http://bit.ly/13GnEAG

အေးချမ်းမွန်မှ မြ၀တီ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။
Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License