တရုတ်က မြန်မာကို စစ်သုံးယာဉ် အစီး ၆ဝဝ ရောင်းပေး

Wednesday, February 27, 2013

ဝမ်ပေါင် နှင့် ဦးပိုင်တို့ လက်ပန်းတောင်းကြေးနီးစီမံကိန်း ကြောင့် ဒုက္ခရောက် ရတဲ့ လယ်သမားမိဘပြည်သူတွေရဲ့ တိုက်ပွဲက မပြီးသေး ခရိုနီလက် ပါးစေ ပြည်သူရဲတွေ မအူပင်လယ်သမားတွေကို မိုက်ကမ်းစွာ အကြမ်းဖက်သုံး၍ နိမ်နှင်းတာကြောင့် ရဲအချို့ ဒဏ်ရာအနည်းငယ်ရပြီး လယ်သမားများ ဒဏ်ရာပြင်းထန်ရသူကို ရနှင့် သေဆုံးသူတွေလည်း ရှိကြောင်း သတင်းတက်လာတော့ ဖားတပိုင်းငါးတပိုင်း ဗိုလ်ဦးသိန်းစိန် အစိုးရကို အလွန်ဒေါသထွက်မိပါသည်။

အခုလည်း တရုတ် က မြန်မာစစ်တပ် ကိုချီးမြှင့်တယ့် အနေနဲ့ လားတော့ မသိ စစ်သုံးကား အစီး ၆ဝဝ ကို ရောင်းပေးလိုက်ပါသည်။ မြန်မာအနေနှင့် အနောက်အုပ်စုနှင့် မည်မျှပေါင်းစီးဖို့ ကြိုးစားကြိုးစား အာဏာရှင် စရိုက် မပျောက်သေး ၍ ဇာတိအမှန် ပေါ်လာစမြဲပါ။

တိုင်းရင်းသားလက်နက်ကိုင်တွေနှင့် တဖွဲ့ ပြီးတဖွဲ့ အပေါ်ယံ အပစ်ရပ် စာချုပ်ချုပ်သယောင်နဲ့ တဖွဲ့ ချင်းခွဲထုတ်ပြီး ပြန်တိုက်နေသည်ပင်။ ၂ဝ၁၂ က တည်းက ပြည်ထောင်စုအဆင့် အပစ်ရပ်ထားတဲ့ RCSS/SSA နှင့် လက်မှတ်ထိုးပြိးကတည်းက ယနေ့ ထိ တိုက်ပွဲ ၈ဝ ကျော်ထက်မနည်းရှိခဲ့ ပြီးဖြစ်သည်။

တရုတ်က ရောင်းပေးတဲ့ စစ်သုံးကားများဟာလည်း တိုင်းရင်း သားပြည်သူတွေ ကို အနိုင်ကျင့်သည့်နေရာမှာ သုံးမှာ ဖြစ်တယ်။

သမ္မတ ဗိုလ်ဦးသိန်းစိန် ဥရောပ သွားနေချိန်နဲ့ အံကိုက် စစ်ယာဉ် ၁ဝဝ တော့ ယမန်နေ့ တင်္နလာနေ့ (ဖေဖာဝါရီ ၂၅) မူဆယ်ဘက်ကို ရောက်ရှိသွားပြီဟု တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက် ကပေးပို့ လာပါသည်။

တရုတ်နှင့် မြန်မာစစ်တပ် တို့ ၏ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ပေါင်း ယှက်မှုများ ကို ပြည်သူတွေ သိရှိရန် ပေးပို့ လာသော ဓာတ်ပုံများ ကို ဝေမျှလိုက်ပါသည်။

အင်ဂွန်ဂျာဝါ

See More Here
http://ngunjawa2011.blogspot.com/2013/02/blog-post_27.html

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License