အရီဇိုးနား ပြည်နယ်တွင် ကင်းမြီးကောက် မျိုးစိတ်သစ် တစ်ခု ရှာဖွေ တွေ့ရှိ

Sunday, February 24, 2013

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃

အမေရိကန် ပြည်ထောင်စု အရီဇိုးနား ပြည်နယ် ထူးဆန်မြို့ အပြင်ဘက်ရှိ တောင်တန်းများ ထူထပ်ရာ နေရာတွင် ကင်းမြီးကောက် မျိုးစိတ်သစ် တစ်ခုကို သုတေသန ပညာရှင် များက ရှာဖွေတွေ့ ရှိခဲ့ ကြောင်း သိရသည်။
ယင်း မျိုးစိတ်သစ်သည် အရှည် တစ်လက်မခန့် ရှိပြီး အရောင်မှာ အညိုရောင် ရှိကြောင်းနှင့် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၅၉ဝဝ (၁၈ဝဝ မီတာ) ခန့်တွင် တည် ရှိသော Santa Catalina တောင်များ တည်ရှိရာ ဝက်သစ်ချ သစ်တော အတွင်း နေထိုင် ကျက်စားကြောင်း Zookeys ဂျာနယ်တွင် မကြာသေးမီက ဖော်ပြထားသော ကင်းမြီးကောက် မျိုးစိတ်သစ် လေ့လာမှု တစ်ရပ် အရသိရသည်။

... ယင်းမျိုးစိတ်သစ်သည် လွန်ခဲ့သော နှစ်ခြောက်နှစ်မှ စ၍ အရီဇိုးနား ပြည်နယ်တွင် ရှာဖွေ တွေ့ရှိ ခဲ့သည့် နဝမ မြောက် မျိုးစိတ်သစ် ဖြစ်ပြီး ၎င်းကင်းမြီးကောက် မျိုးစိတ်သစ်အား Vaejovis brysoni ဟု အမည် ပေး ထားကြောင်း သိရသည်။

သုတေသန ပညာရှင် များသည် ကာတာလီနာ အဝေးပြေး လမ်းမ တစ်လျှောက်တွင် ခရမ်းလွန် ရောင်ခြည်သုံး လက်နှိပ်ဓာတ်မီးကို အသုံးပြု၍ ကင်းမြီးကောက် မျိုးစိတ်များ၏ အသိုက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်း မျိုးစိတ်သစ်သည် အခြားသော ကင်းမြီးကောက်များ ကဲ့သို့ ၎င်းတို့ ကျောပေါ်တွင် ကင်းမြီးကောက် အကောင်ပေါက် လေးများကို သယ်ဆောင်ပြီး ပျမ်းမျှအားဖြင့် ကင်းမြီးကောက် အကောင်ပေါက် ၂၄ ကောင် ကို သယ်ဆောင် နိုင်ကြောင်းနှင့် ၎င်းတို့သည် အဆိပ်ရှိ၊ မရှိနှင့် စပ်လျဉ်း၍ သေချာစွာ မသိရှိ ရသေးကြောင်း သိရသည်။

ယခု တွေ့ရှိထားသော ကင်းမြီးကောက် မျိုးစိတ်သည် ယင်းဒေသတွင် ဆက်လက် ရှိနေသော ဇီဝမျိုးကွဲ ရှာဖွေမှုတွင် အခြေခံ ကျသော သာဓက တစ်ရပ်ဖြစ်ကြောင်း သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ရစ်ချက်ဒ် အက်ဖ် အာရေးက အစီရင် ခံစာ တစ်ခုတွင် ပြောကြား ထားသည်။

မြဝတီ

http://www.myawady.net.mm/allnews/global/item/7632-2013-02-24-14-07-26

မြဝတီ
Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License