ယုဇနပလာဇာ တနင်္လာနေ့တိုင်း ဆိုင်ပိတ်ခွင့်ပေးရန် အလုပ်ရှင်၊ အလုပ်သမားများ တောင်းဆို

Monday, February 25, 2013

ယုဇနပလာဇာ တနင်္လာနေ့တိုင်း ဆိုင်ပိတ်ခွင့်ပေးရန် အလုပ်ရှင်၊ အလုပ်သမားများ တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၂၅။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာတွင်
ဆိုင်ခန်းများ တနင်္လာနေ့တိုင်း ပိတ်ခွင့်ပေးရန် အလုပ်ရှင်များနှင့် အလုပ်သမားများ တောင်းဆို ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း
သိရှိရသည်။

“ဒီလ ၁၆ ရက်နေ့က စပြီး ယုဇနပလာဇာကို ပိတ်ရက်မရှိ
ဖွင့်တော့မယ်လို့ အုပ်ချုပ်ရေး ကော်မတီက စာပို့ပါတယ်။
ကျွန်တော်တို့ကို ကြိုတင်အကြောင်းကြားတာ မရှိပါဘူး” ဟု ယုဇနပလာဇာမြေညီထပ်မှ ဆိုင်ပိုင်ရှင် ကိုညီညီက ပြော
ကြားသည်။

ယုဇနပလာဇာ အုပ်ချုပ်ရေးကော်မတီက ဆိုင်ခန်းများ ပိတ်ရက်
မရှိဖွင့်ရန် အကြောင်းကြားစာ ပေးပို့ထားသော်လည်း တနင်္လာနေ့
တွင် ပိတ်ထားသည့် ဆိုင်ခန်းများရှိနေသေးသည့်အတွက် လုံခြုံရေး
ယူပေးရန် တာဝန်မယူကြောင်း အကြောင်းကြားစာများ ထပ်မံပေးပို့
ခဲ့သည်ဟု ကိုညီညီက ရှင်းပြသည်။

ဈေးသူဈေးသားများ၏ ဆန္ဒကို မေးမြန်းခြင်းမရှိဘဲ သတင်းစာ
ထဲတွင် “တနင်္လာနေ့တိုင်း ယုဇနပလာဇာဖွင့်ပြီ” ဟု တရားဝင်
ကြော်ငြာများထည့်ပြီး ကြေညာခဲ့ခြင်းကို ရှုတ်ချကြောင်း ဆန္ဒ
ထုတ်ဖော် သူများက ပြောကြားသည်။

ရှိုးကမ္ဘာဆိုင်မှ ဆိုင်ပိုင်ရှင် ဦးတင်ဆိုင်က “ယုဇနပလာဇာပိုင်ရှင်
ဦးဌေးမြင့်က အများဆန္ဒကို မခံယူဘဲနဲ့ ဆုံးဖြတ်တာ လွဲနေတယ်
လို့ လည်းထင်တယ်။ မှားနေတယ်လို့လည်း ထင်ပါတယ်” ဟု ပြောကြားသည်။

ယုဇနပလာဇာကို တနင်္လာနေ့တိုင်း ပုံမှန် ဆိုင်ခန်းများပိတ်ခွင့်ပေး
ရန်အတွက် ဆိုင်ရှင်၊ ဆိုင်ဌား ၇၀၀ ကျော်နှင့် အလုပ်သမားပေါင်း ၁၀၀၀ ကျော် လက်မှတ်ထိုး တောင်းဆိုမှုများလည်း ပြုလုပ်ထား
ကြောင်း သိရသည်။

တနင်္လာနေ့တွင် ဆိုင်ခန်းဖွင့်သည့် ဆိုင်ပိုင်ရှင်အချို့က ဈေးပိတ်သည့် အတွက် တစ်ရက်လျှင် တစ်သိန်းခန့် နစ်နာကြောင်း၊ ပိတ်ချင်သူ များပြား သည့်အတွက် ကြားညှပ်မည်ကို စိုးရွံ့ကြကြောင်း ပြောကြားသည်။

ဟိန်းသူ

အေးချမ်းမွန်မှ  The Myanma Age တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

အေးချမ်းမွန်မှ The Myanma Age
Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License