အာဆင်နယ် အသင်းသည် ဘေယန်မြူးနစ်နှင့် ရင်ဆိုင်မည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် မြန်နှုန်းမြင့် တိုက်စစ် ကစားကွက်ကို ခင်းကျင်းဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Goal.comက အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် နည်းစနစ်ပိုင်း ကောင်းမွန်သည့် ဂျာမန်ထိပ်တန်း ကလပ်အသင်းကို ရင်ဆိုင်ရန် အတွက် မြန်နှုန်းမြင့် ကစားသမားများဖြင့် တိုက်စစ်ဆင်စေပြီး ကာယအားပြု ကစားတတ်သူ အဓိက တိုက်စစ်မှူး အိုလီဗီရာ ဂီရော့ကို အသုံးမပြုရန် စဉ်းစားနေနိုင်ကြောင်း သုံးသပ် ရေးသားခဲ့သည်။ ဝင်းဂါးသည် မြန်နှုန်းမြင့်မားပြီး ရွေ့လျားပုံ ကောင်းမွန်သော ကစားသမား (၃)ဦးကို အားပြုကာ ဂျာမန်ကလပ်၏ ခံစစ်ကြောင်းကို တန်ပြန် တိုက်စစ်ဖြင့် ထိုးဖောက်သွားရန် စီစဉ်နေကြောင်း သိရသည်။ ပြင်သစ်သား မန်နေဂျာကြီးက မိမိအသင်း၏ ဖွဲ့စည်းပုံအရ ဘေယန်ကို အကောင်းဆုံး ဒုက္ခပေးနိုင်မည့် လက်နက်မှာ မြန်နှုန်းမြင့် တန်ပြန်တိုက်စစ်ဟု ယုံကြည်နေသည်။ အာဆင်နယ်တွင် သီအိုဝေါကော့၊ လူးကက်စ် ပိုဒေါ့စကီးနှင့် ဆန်တီ ကာဇိုလာတို့မှာ တိုက်စစ်တွင် မြန်နှုန်းမြင့် ထိုးဖောက်တတ်သူများ ဖြစ်ကြသည်။ အာဆင်နယ်နှင့် ဘေယန် အသင်းတို့သည် အင်္ဂါနေ့ညတွင် အမ်းမရိတ်၌ စတင် ရင်ဆိုင်ရမည် ဖြစ်ပြီး ဝင်းဂါးသည် ဂျက်ဝီရှီးယားကို တိုက်စစ်ပိုင်း၌ ပိုမိုလိုက်ပါ ကစားရမည့် ကွင်းလယ်လူ တာဝန်ကို ပေးအပ်ပြီး ခံစစ်ကိုမူ အဘူဒီယာဘီ၊ မစ်ကယ် အာတီတာတို့ဖြင့် ထောက်ပံ့စေနိုင်ကြောင်း Goal.comက သုံးသပ်ခဲ့သည်။
ဝင်းဂါးသည် ဝေါကော့၊ ကာဇိုလာ၊ ဝီရှီးယားနှင့် ပိုဒေါ့စကီးတို့ အားလုံးကို FAဖလား ပွဲစဉ်အဖြစ် ဘလက်ဘန်း ရိုဗာကို အရေးနိမ့်သော ပွဲစဉ်တွင် အချိန်ပြည့် မကစားစေဘဲ အနားပေးမှုများ ပြုလုပ်ခဲ့သည်။
Source:Goal
No comments:
Post a Comment