ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်

Tuesday, March 5, 2013

အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် သမ္မတချာဗက်ဇ်မှာ အသက်ရှင်ရေးအတွက် အခက်အခဲဆုံး အခြေအနေတွင်ရှိနေကြောင်း ဒုတိယသမ္မတ နီကိုလက်စ် မတ်ဒူရိုက ပြည်သူများအား အသိပေးပြောကြားခဲ့သည်။
ကင်ဆာရောဂါ ခံစားနေရသည့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည် ဒေသစံတော်ချိန် အင်္ဂါနေ့ (မတ်လ ၅ ရက်) မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်သည်။ အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် သမ္မတချာဗက်ဇ်မှာ အသက်ရှင်ရေးအတွက် အခက်အခဲဆုံး အခြေအနေတွင်ရှိနေကြောင်း ဒုတိယသမ္မတ နီကိုလက်စ် မတ်ဒူရိုက ပြည်သူများအား အသိပေးပြောကြားခဲ့သည်။ ထို့နောက် ဗင်နီဇွဲလား စံတော်ချိန် အင်္ဂါနေ့ ညနေ ၄း၂၅ တွင် သမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းက ထုတ်ပြန်ကြေညာခဲ့သည်။

hugo chavez

ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည် ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ်အရွယ်ရှိပြီး ကင်ဆာရောဂါကို ၂ နှစ်ကြာ ကုသမှုခံယူခဲ့ရသည်။ ချာဗက်ဇ်သည် ထို ၂ နှစ်တွင်း ကျူးဘားနိုင်ငံသို့သွားရောက်ကာ ခွဲစိတ်ကုသမှု ၄ ကြိမ်တိုင် ခံယူခဲ့ရသည်။ ဟူဂိုချာဗက်ဇ်၏ သမ္မတရာထူးနေရာကို ဒုတိယသမ္မတ နီကိုလက်စ် မတ်ဒူရိုက ဆက်ခံဖွယ်ရှိပြီး ၎င်းအား ဗင်နီဇွဲလားစစ်တပ်ကလည်း ထောက်ခံထားကြောင်း သိရှိရသည်။
Planet Myanmar Network
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License