မေခနှင့် မလိခမြစ် ရေဝေရေလဲ ဒေသကို National Park အဖြစ် ပြုလုပ်ရန် လွှတ်တော်သို့ တင်ပြဆွေးနွေးရန် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းက ကျင်းပခဲ့သည့် ဧရာဝတီ မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှုအဓွန့်ရှည်ရေးဆု
“ဧရာဝတီမြစ်ဆိုတာ မေခနဲ့ မလိခက စခဲ့တာပါ။ ဧရာဝတီကို ထိန်းသိမ်းဖို့ လိုသလို မေခနဲ့ မလိခ မြစ်ဝန်းကျင်ဒေသကို National Park အဖြစ် ပြုလုပ်သွားဖို့ လွှတ်တော်ကိုတင်ပြပြီး ထိန်းသိမ်းသွားဖို့ ကျွန်တော်တို့ ဒီအစည်းအဝေးကနေ တင်ပြချင်ပါတယ်။ မေခနဲ့မလိခရဲ့ ရေဝေ ရေလဲဒေသကို ထိန်းသိမ်းပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးညိုမောင်က ပြောသည်။
မေခနှင့် မလိခမြစ်တို့သည် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သော ဧရာဝတီမြစ်ကို စတင်သည့် မြစ်များဖြစ်ကာ အဆိုပါမြစ်များ၏ ရေဝေရေလဲ ဒေသတို့သည် ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နှင့် ပတ်သက်၍ အရေးပါနေသော ဒေသလည်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက “ဧရာဝတီ မြစ်ဖျားပိုင်းကို ဒီလိုမျိုးလုပ်ဆောင် မယ်ဆိုရင် သဘာဝမပျက်ဘူး။ ယဉ်ကျေးမှု မပျက်ဘူး။ ဒါအလွန်ကောင်းတဲ့ ကိစ္စပါ။ ဒါကိုထိန်းသိမ်းခြင်းဟာ မပျက်ဆီးသော တကယ့်ဖွံ့ဖြိုးမှုပါ။ မေခ၊ မလိခ ရေဝေရေလဲ ဒေသကို ထိန်းသိမ်းခြင်းအားဖြင့် ဧရာဝတီမြစ် ရေရှည်ရှင်သန် စီးဆင်းနိုင်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ အဲဒီဒေသမှာ သစ်တွေခုတ် ရွှေတွေတူး ဆည်တွေဆောက်နေလို့ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ပျက်စီးနေတယ်။ ဒါပေမယ့် တောတွေတောင်တွေ၊ သစ်ပင်တွေ၊ ငှက်တွေ တိရစ္ဆာန်တွေ၊ ဆေးဘက်ဝင် အပင်တွေ အရမ်းကို ကြွယ်ဝနေသေးတယ်” ဟု ပြောကြားပါသည်။
“မြစ်ကြောင်းတွေမှာ ဆည်ဆောက်တဲ့အတွက် ဆိုးကျိုးတွေပေးတာ ကမ္ဘာမှာ သာဓကတွေ အများကြီး ရှိပါတယ်။ တိုင်းပြည်ကို တိုးတက်စေချင်ရင် စေတနာထားပါ။ အန္တရာယ် မဖြစ်အောင် သဘာဝမပျက်အောင် လုပ်ပါ။ ပြည်သူလူထု အကျိုးပြုအောင်လုပ်ပါ။ ဒါတွေလုပ်ရင် တိုင်းပြည်ဖွံ့ဖြိုးမှာပါ။ ကျွန်တော်တို့နိုင်ငံက သယံဇာတတွေ တော်တော်လေး ကုန်ဆုံးပေမယ့် ကျန်သေးတယ်။ လူကြီးတွေက ဦးနှောက်ကောင်းကောင်းနဲ့ တကယ့်ကို တိုင်းပြည်အပေါ် စေတနာထားလုပ်ရင် အာရှကျားဖြစ်ဖို့ သိပ်မဝေးဘူး။ အဲဒီလိုမဟုတ်ဘဲ လူညာတွေပြောတာယုံပြီး လုပ်ချင်ရာ လုပ်ရင်တော့ ဖွတ်ကျားပဲဖြစ်မယ်။ အာရှကျားလုပ်မလား၊ ဖွတ်ကျားလုပ်မလား ကြိုက်တာရွေးပါ” ဟု ဦးအုန်းက ဆက်လက် ပြောကြားခဲ့သည်။
“ဧရာဝတီအကြောင်းကို ပြောမယ်ဆိုရင် ဧရာဝတီကို အဓိက ဖြစ်ပေါ်စေတဲ့ မေခနဲ့ မလိခ မြစ်နှစ်သွယ် အကြောင်းကို ပြောချင်ပါတယ်။ ဒီမြစ်နှစ်သွယ်မှာ ဘာများဖြစ်နေလဲ ဆိုတော့ ဆောက်လုပ်ပြီးတဲ့ ဆောက်လုပ်နေဆဲနဲ့ အခုလောလောဆယ် ရပ်တန့်နေတဲ့ ဆည်တွေရှိပါတယ်။ အဲဒီမြစ်နှစ်ခု မပါဘဲနဲ့ ဧရာဝတီဆိုပြီး မဖြစ်ပေါ်ပါဘူး။ ဒီဧရာဝတီဟာ တရုတ်နိုင်ငံရဲ့ အနောက်တောင်ပိုင်း တစ်ခုလုံးက ကုန်ပစ္စည်းများကို ဈေးနှုန်းအသက်သာဆုံးနဲ့ မြစ်ဝကို ပို့ဆောင်ပေးနိုင်တဲ့ ပို့ဆောင်ရေးလမ်းကြောင်း ဖြစ်နေပါတယ်။ အကယ်၍များ ဒီဟာကို အသုံးချလိုက်မယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံ ဘယ်လိုများ ဖြစ်ပေါ်လာနိုင်ပါသလဲ။ ဒါကြောင့် ဧရာဝတီကိုစခဲ့တဲ့ မေခနဲ့ မလိခ မြစ်ကိုရော ထိန်းသိမ်းသင့်ပါတယ်” ဟုလည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားခဲ့သည်။
ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက ဖွဲ့စည်းခဲ့ပြီး ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်တွင် အမှီပြု နေထိုင်နေကြသည့် ဒေသခံများ၏ ရှင်သန်ရပ်တည်မှုဆိုင်ရာ အခြေအနေမှန်နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် ဒေသခံများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို သုတေသန ပြုလုပ်သွားမည်ဖြစ်ကြောင်းလ
မြန်မာနိုင်ငံတွင် ယခုနှစ်များအတွင်း သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု စသည်တို့ ဖြစ်ပေါ်လာရာတွင် မြစ်ကြောင်းပြောင်းလဲမှုများ
ဧရာဝတီမြစ်ဆုံဝန်းကျင် တစ်နေရာကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
မှEleven Media Group
No comments:
Post a Comment