လယ်ယာစိုက်ပျိုးရေးအတွက် ဆည်မြောင်းများ တူးဖော်ရာတွင်
ပြည်သူ့ဆန္ဒများလည်း လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးညွန့်လှိုင်က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ရှိ ဆည်ရေပေးမြောင်း တူးဖော်မှုနှင့် ပတ်သတ်၍ ပြောကြားသည်။
နိုင်ငံတော်၏ အဓိက ရည်ရွယ်ချက်မှာ နောင်တစ်ချိန်တွင်ရေ
စီမံခန့်ခွဲမှုကောင်းလာပါက ကိုယ်စိုက်ချင်သည့် သီးနှံကို ချိန်ခါ
မရွေး စိုက်ပျိုး လာနိုင်မည်ဖြစ်ကြောင်း၊ ရေကို အသုံးပြု၍ လျှပ်စစ်ဓါတ်အားပါ ရရှိလာနိုင်ကြောင်း၊ သို့သော် လယ်ယာမြေ
နေရာများတွင် တူးဖော်မည့်ကိစ္စ ဖြစ်၍ မြေပိုင်ရှင်များနှင့်
ဆွေးနွေးညှိနှိုင်းပြီး နားလည်မှုရရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။
“အမှန်က လယ်မြေတွေနဲ့ ပတ်သတ်ပြီး ဘယ်လိုအစား
ပြန်ပေးမလဲ၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ဘယ်လိုပြန်ပြီး နှစ်သိမ့်ဆွေးနွေးမလဲ၊ ကျွန်တော်တို့ တိုင်းပြည်
က လယ်သမားအများစုက ပညာမတက်ကြဘူး၊ ဒါကြောင့်
water management တို့ land development တို့ဆိုပြီး
သွားပြောလို့ သူတို့ နားမလည်ဘူး။ ဒီတော့ သူတို့နား
လည်အောင် ပြောပြပြီး ညှိနှိုင်းဖို့ လိုတယ်” ဟု ပြည်သူ့
လွှတ်တော်မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ရေးရာ
ကော်မတီဝင်တစ်ဦးက ပြောကြားသည်။
လက်ရှိ ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းများသည်
procedure မကျသည့်အပြင် လယ်သမားများနှင့် လည်း
ညှိနှိုင်းမှုမလုပ်ဘဲ စီမံကိန်းကို အရင် အကောင်အထည်
ဖော်ခဲ့သည့်အတွက် နှစ်ဦးနှစ်ဖက် မကြေလည်မှုများ
ရှိလာခြင်းဖြစ်သည်။
“ဒီနိုင်ငံမှာ ရေစီမံခန့်ခွဲတာက လိုအပ်တယ်၊ ဒီဆည်မြောင်း
တွေပေါ်မှာ ဓါတ်တိုင်တွေ စိုက်မယ်၊ ပန့်ဟောက်တွေ လုပ်ပြီး လယ်တွေထဲ ရေသွင်းမယ်၊ နောက်ပိုင်း လမ်းဖွံဖြိုးမှုတွေ
လုပ်မယ်။ လယ်ကွက်တွေကို အဆင့်မြင့်အောင်လုပ်ပေးမှ
ကိုယ်စိုက်ချင်တဲ့ သီးနှံကို စိုက်လို့ရမှာဖြစ်တယ်။ ဒါပေမယ့်
ဖြူးမြို့နယ်မှာက မိုးရေချိန်လက်မ ၁၁၀ ဝန်းကျင်ထိ ရှိနေတယ်၊ သူတို့စိုက်တဲ့ စပါးနဲ့ မတ်ပဲ ဆိုတာ သိပ်ကောင်းတဲ့
combination ဖြစ်တယ်။ အဲဒီအတွက် သူတို့အနေနဲ့က
ရေမလိုဘူးဖြစ်နေတယ်” လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
ဆည်မြောင်းစီမံကိန်း ဆောင်ရွက်ရာတွင် လယ်ဧက ၈၀၀၀နီးပါး ဆုံးရှုံးသွားနိုင်ပြီး လယ်သမားမိသားစု ၂၀၀၀ ခန့် အလုပ်လက်မဲ့
ဖြစ်သွားနိုင်ကြောင်း၊ဆည်မြောင်းစီမံကိန်းဆောက်လုပ်ရာတွင်
မြန်မာငွေကျပ် ၁၀ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ရည်မွန်
The Myanma Age

ဖြစ်သွားနိုင်ကြောင်း၊ဆည်မြောင်
မြန်မာငွေကျပ် ၁၀ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ရည်မွန်
The Myanma Age
No comments:
Post a Comment