Thursday, March 7, 2013

ဘဏ်များတွင် ၅၀၀၀ ကျပ်တန်အတာများဖြင့် လည်ပတ်နေပြီလား ?

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်သည့်ကျပ် ၅၀၀၀ တန်များ ရွက်ရေမည်မျှ ရှိသည်၊ ကျပ် ၅၀၀၀ တန်အတုများ မြန်မာ့စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အသီးသီးတွင် လည်ပတ်မှုရှိနေပါက မည်ကဲ့သို့ ထိန်းချုပ်မည်နှင့် စပ်လျည်းသည့်မေးခွန်း အား မိုးမောက်မဲဆန္ဒနယ်မှ ဦးဇော်ထွန်း က မေးမြန်းရာ

“၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ပြင်ဦးလွင်ဘဏ်မှ ပြည်သူ့ ဝန်ထမ်းတစ်ဦးသည် အင်းဝဘဏ်မှငွေထုတ်ပြီး ကမ္ဘောဇဘဏ်သို့ ငွေလွဲရာ တွင် ကမ္ဘောဇဘဏ်မှ ကျပ် ၅၀၀၀ တန်တစ်ရွက်ကို ဆွဲထုတ်လာကာ
ပြောကြား လာပြီး 

၎င်း ၅၀၀၀ တန်အတုအား ကျပ် ၂၅၀၀ ဖြင့် လဲလှယ်နိုင်ကြောင်း ပင် ပြောလာပါသည်။ 

သို့သော်လည် ၎င်းသည် ပြည်သူ့ ဝန်ထမ်းတစ်ဦးဖြစ်သဖြင့် ၎င်းကျပ် ၅၀၀၀ တန်အတုအား ပြန်ယူလာပြီး အင်းဝဘဏ်တွင် ၅၀၀၀ တန်အတု ကို ပြန်လဲသော်လည်း အင်းဝဘဏ်က လည်း ပြန်လဲမပေးသောကြောင့် အင်တာနက်ပေါ်တွင် တင်မည် ဟုပြောကြားမှသာ ၅၀၀၀ တန်ကို ချက်ချင်းပြန်လဲပေးပါကြောင်း သိရှိရပါသည်။”

၎င်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြန်လည်သုံသပ်မိသည်မှာ ပြည်တွင်ရှိ ဘဏ်များ၌ပင် ၅၀၀၀ တန်အတုများ လည်ပတ်နေပြီးလား ဆိုသည်ကိုပင် စဉ်းစားမိပါသည်။

 ဤကိစ္စများအမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါ က ပြည်သူတွေ မှာရော ဘယ်လောက်ထိ ဖြစ်နေပြီးလဲ ကျွန်တော့်ဆီကို ၅၀၀၀ တန်အတု ရောက်လာပြီး တခြားနေရာမှာ သွားသုံးလို့ရနိုင်ပါက မိမိတို့ အနေဖြင့် အစစ်ဟုသာ ထင်မြင်မိပါကြောင်း ယူဆမိပါတယ်။

လုပ်ထုံးလုပ်နည်းအရ ဆိုလျှင် ကျပ်ငွေအတုကို တွေ့ရှိပါက ကိုင်ဆောင် လာသူကို စုံစမ်းစစ်ဆေးခြင်း၊ ကျပ်ငွေကို Marker လုပ်ခြင်း၊ ဆုတ်ဖြဲခြင်း စသည်တို့ကို ပြုလုပ်ရမည် ဟု သိရှိရပါသည်။ 

ကျပ် ၅၀၀၀ တန်အတုကို ၂၅၀၀ နဲ့လဲမယ်ဆိုတော့ ဒါဟာမဖြစ်သင့်‌ဘူးလို့ ယုံကြည်တဲ့အတွက် စိတ်ထဲမှာ ကသိကအောင့်ဖြစ်မိပါသည်။

လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျွန်တော်တို့ ဗန်းမော်မြို့နယ်ရှိ ရွှေဆိုင်တစ့်မှ ကျပ် ၅၀၀၀ တန်အတုကို ၂၈ ရွက်ဖမ်းမိပြီး ၎င်းကိစ္စကို စုံစမ်းစစ်ဆေးရာတွင် မံစီမြို့နယ် သစ်ခိုးထုတ်တဲ့နေရာကနေ ရရှိလာကြောင်းသိရှိရပါသည်။ 

ထို့အတွက်ကြောင့် ဗန်းမော်မြို့နယ်နှင့် အခြားဆက်စပ်နေတဲ့ မြို့နယ်များမှာ ၎င်းကျပ် ၅၀၀၀ တန်အစစ်များ ကိုပင် ဈေးရောင်းဈေးဝယ်ပဲဖြစ်ဖြစ် တခြားကိစ္စပဲ ဖြစ်ဖြစ် ယူရမှာကို အင်မတန်မှ ကြောက်ရွံ နေကြပြီဖြစ်ပါတယ်။

ထို့အတွက်ကြောင့်မို့ အောက်ပါမေးခွန်းသုံးခုအား ဖြေကြားပေးနိုင်ပါရန်
မေးမြန်းအပ်ပါသည်။

(၁) ယခုနေ့ရက်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်လုပ်သည့် ကျပ် ၅၀၀၀ တန်များ ရွက်ရေမည်မျှရှိသည်ကို သိရှိလိုပါသည်။

(၂) ကျပ် ၅၀၀၀ တန်အတုများ မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်အသီးသီးတွင် လည်ပတ်မှု ရှိနေနိုင်ပါ သလား။

(၃) အကယ်၍ အဆိုပါ ကျပ် ၅၀၀၀ တန်အတုများ လှည်ပတ်နေပါက မည်ကဲ့သို့ အစီအစဉ် ရှိပါသနည်း။

ပြည်သူ့လွှတ်တော်

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License