ခရီးသည်တင် ယာဉ်နှစ်စီး တိုက်မိ ငါးဦး ဒဏ်ရာရ

Saturday, March 2, 2013

ရန်ကုန် မတ် ၂

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် အမှတ်(၉)ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးနှင့် ရတနာသိင်္ဂီ ပတ်လမ်းထိပ်၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲခန့်က ခရီးသည်တင် Hilux ယာဉ်ဓ/.... နှင့် ခရီး သည်တင် ဒိုင်နာ ၃က/....တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပုံမှာ အဆိုပါနေ့တွင် ဒိုင်နာယာဉ်သည်

ရွှေပြည်သာ မြို့နယ်မှ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ဂိတ်သို့ ဘုရင့်နောင် လမ်းမကြီး အတိုင်း မောင်းနှင်လာစဉ် ရွှေပြည်သာမှ အင်းစိန်ဘက်သို့ ခရီးသည် ၁၅ ဦး တင်ဆောင်လာပြီး ၎င်း လမ်းမကြီး အတိုင်း မောင်းနှင်လာသော Hilux ယာဉ်နှင့် တိုက်မိ ခဲ့ကြ သည်။ ထိုသို့ ယာဉ်တိုက်မှုကြောင့် Hilux ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါသူ ခရီးသည်များ အနက် အမျိုးသား သုံးဦး အမျိုး သမီး နှစ်ဦးတို့မှာ ဦးခေါင်း၊ ရင်ဘတ်နှင့် ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာ ရရှိပြီး ရွှေပြည်သာ ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါး ကုသမှု ခံယူလျက် ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အခင်း ဖြစ်ပွားရာ သို့ သက်ဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိ လာပြီး ကူညီ ဆောင်ရွက်မှုများနှင့် ဥပဒေ အရ အရေးယူမှုများ လုပ်ဆောင်လျက် ရှိကြောင်း သတင်း ရရှိ သည်။

http://bit.ly/ZbUMyO

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License