ကမ်းထောင်းကြီးတွင် ထွေလာဂျီမှောက်၍ တစ်ဦးသေ၊ ၃ ဦး ဒဏ်ရာရ

Thursday, March 7, 2013


ကမ်းထောင်းကြီးတွင် ထွေလာဂျီမှောက်၍ တစ်ဦးသေ၊ ၃ ဦး ဒဏ်ရာရ
မောင်ရမ္မာ
8-3-ACM2013

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အပိုင် ကမ်းထောင်းကြီးကျေးရွာတွင် မတ်လ ၆ ရက်နေ့က ထွေလာဂျီတစ်စီး ချောက်ထဲကို ထိုးကျ တိမ်းမှောက်သွားသဖြင့် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။


ဆေးရုံတွင် သတင်းမေးလာသူများကို တွေ့ရစဉ်။
“ ရွာမှာက ရှင်ပြုပွဲရှိပါတယ်။ ရှင်ပြုပွဲအတွက် ငှက်ပျောပင်သွားခုတ်လို့ အပြန်မှာ တောင်စောင်းကအဆင်း လက်ကိုင် ပြုတ် ပြီး ထိန်းမရဘဲ ထော်လာဂျီပါ၊ လူတွေပါ တခါတည်း တောင်ချောက်ထဲကို ကျသွားခဲ့တာ ဖြစ်ပြီး တစ်ဦးသေပြီး သုံးဦး ဒဏ်ရာ ရသွားခဲ့ပါတယ် ” ဟု ကမ်းထောင်းကြီး ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

သေဆုံးသွားသူမှာ ကမ်းထောင်းကြီး ကျေးရွာမှ အဘ ဦးတင်ချေ ၏ သား အသက် (၃၀နှစ်)အရွယ် ဇော်သန်းချေ ဆိုသူဖြစ်သည်။

ထွေလာဂျီ တိမ်းမှောက်စဉ် ယာဉ်ပေါ်တွင် မောင်းနှင်သူ တဦး အပါအ၀င် စုစုပေါင်း ၅ ဦး စီးနှင်း လိုက်ပါလာသည်ဟု ဆိုသည်။

ထွေလာဂျီ မောင်သူမှာ လမ်းခုတ်လတ်မှ  ခုန်ဆင်းကျန် လိုက်သဖြင့် တစ်စုံတစ်ရာ ထိခိုက်ခိုက်မူ မရှိခဲ့သော်လည်း ထွေလာဂျီနှင့် အတူ ပါသွားသူ ၄ ဦးထဲတွင် တစ်ဦးသေပြီး သုံးဦး ဒဏ်ရာ ရသွားခြင်း ဖြစ်သည်။

“  ဒဏ်ရာရတဲ့ လူ ၄ ဦးထဲက ဒဏ်ရာပြင်းတဲ့ လူနှစ်ဦးကို အမ်း ဆေးရုံကို ယူသွားပါတယ်။ သေဆုံးသွားတဲ့သူက မင်းဘူးဆေးရုံကို ယူဆောင်စဉ်မှာ လမ်းမှာ ဒီကနေ့ မှာဘဲ ဆုံးသွားတာဖြစ်ပါတယ်။ ကျန်တဲ့ ဒဏ်ရာရသူ ၂ ဦးကိုတော့ ကမ်းထောင်းကြီး ဆေးရုံမှာ ဆေးကုသ နေပါတယ်” ဟုဆိုသည်။

ဒဏ်ရာ ရသူများ အထဲမှ မောင်သောင်းခင်မှာ အမ်း ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကိုသက်ခင်နှင့် ကိုလမုမောင်မှာ ကမ်းထောင်းကြီးဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိ ကြောင်း သိရသည်။

ယခုအခါ ထွေလာဂျီ မောင်းနှင်သူမှာ ထွက်ပြေးသွားပြီး သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရှိရသည်။

အေးချမ်းမွန်မှ (  Narinjara News ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အပိုင် ကမ်းထောင်းကြီးကျေးရွာတွင် မတ်လ ၆ ရက်နေ့က ထွေလာဂျီတစ်စီး ချောက်ထဲကို ထိုးကျ တိမ်းမှောက်သွားသဖြင့် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

“ ရွာမှာက ရှင်ပြုပွဲရှိပါတယ်။ ရှင်ပြုပွဲအတွက် ငှက်ပျောပင်သွားခုတ်လို့ အပြန်မှာ တောင်စောင်းကအဆင်း လက်ကိုင် ပြုတ် ပြီး ထိန်းမရဘဲ ထော်လာဂျီပါ၊ လူတွေပါ တခါတည်း တောင်ချောက်ထဲကို ကျသွားခဲ့တာ ဖြစ်ပြီး တစ်ဦးသေပြီး သုံးဦး ဒဏ်ရာ ရသွားခဲ့ပါတယ် ” ဟု ကမ်းထောင်းကြီး ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

သေဆုံးသွားသူမှာ ကမ်းထောင်းကြီး ကျေးရွာမှ အဘ ဦးတင်ချေ ၏ သား အသက် (၃၀နှစ်)အရွယ် ဇော်သန်းချေ ဆိုသူဖြစ်သည်။

ထွေလာဂျီ တိမ်းမှောက်စဉ် ယာဉ်ပေါ်တွင် မောင်းနှင်သူ တဦး အပါအ၀င် စုစုပေါင်း ၅ ဦး စီးနှင်း လိုက်ပါလာသည်ဟု ဆိုသည်။

ထွေလာဂျီ မောင်သူမှာ လမ်းခုတ်လတ်မှ ခုန်ဆင်းကျန် လိုက်သဖြင့် တစ်စုံတစ်ရာ ထိခိုက်ခိုက်မူ မရှိခဲ့သော်လည်း ထွေလာဂျီနှင့် အတူ ပါသွားသူ ၄ ဦးထဲတွင် တစ်ဦးသေပြီး သုံးဦး ဒဏ်ရာ ရသွားခြင်း ဖြစ်သည်။

“ ဒဏ်ရာရတဲ့ လူ ၄ ဦးထဲက ဒဏ်ရာပြင်းတဲ့ လူနှစ်ဦးကို အမ်း ဆေးရုံကို ယူသွားပါတယ်။ သေဆုံးသွားတဲ့သူက မင်းဘူးဆေးရုံကို ယူဆောင်စဉ်မှာ လမ်းမှာ ဒီကနေ့ မှာဘဲ ဆုံးသွားတာဖြစ်ပါတယ်။ ကျန်တဲ့ ဒဏ်ရာရသူ ၂ ဦးကိုတော့ ကမ်းထောင်းကြီး ဆေးရုံမှာ ဆေးကုသ နေပါတယ်” ဟုဆိုသည်။

ဒဏ်ရာ ရသူများ အထဲမှ မောင်သောင်းခင်မှာ အမ်း ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကိုသက်ခင်နှင့် ကိုလမုမောင်မှာ ကမ်းထောင်းကြီးဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိ ကြောင်း သိရသည်။

ယခုအခါ ထွေလာဂျီ မောင်းနှင်သူမှာ ထွက်ပြေးသွားပြီး သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရှိရသည်။

မှ ( Narinjara News )
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License