အီရန် နိုင်ငံသည် နျူကလီးယားဗုံး ထုတ်လုပ်မှု များကို ဆက်လက် လုပ်ဆောင်နိုင်ရန် အချိန်ဆွဲ နေခြင်းဖြစ်

Monday, March 4, 2013

Tuesday, March 5, 2013

အီရန် နိုင်ငံသည် နျူကလီးယားဗုံး ထုတ်လုပ်မှု များကို ဆက်လက် လုပ်ဆောင်နိုင်ရန် အတွက် ကမ္ဘာ့ အင်အားကြီး နိုင်ငံများနှင့် ဆွေးနွေး ညှိနှိုင်းမှု များကို အချိန်ဆွဲ နေခြင်း ဖြစ်ကြောင်း၊ တစ်နည်း ဆိုရလျှင် အီရန် နိုင်ငံသည် အင်အားကြီး ၆ နိုင်ငံနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို ဘန်းပြ၍ နျူကလီးယားဗုံး ထုတ်လုပ်နိုင်မည့် အချိန်များကို ဝယ်ယူနေခြင်း ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်
နေတန်ရာဟုက ပြောကြားခဲ့ ပါသည်။

မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် အစ္စရေး အစိုးရ အဖွဲ့၏ အပတ်စဉ် အစည်းအဝေး၏ အဖွင့် မိန့်ခွန်းတွင် အစ္စရေး ဝန်ကြီးချုပ်က အထက်ပါ အတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ယခုနောက်ဆုံး ကာဇက်စ တန် နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အီရန် နိုင်ငံနှင့် အင်အားကြီး ၆ နိုင်ငံ (တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်၊ အမေရိကန်နှင့် ဂျာမနီ) ဆွေးနွေးပွဲ ဆိုသည်မှာ အီရန် နိုင်ငံ၏ အချိန်ဆွဲခြင်း နည်းလမ်း တစ်ခုသာ
ဖြစ်ကြောင်း နေတန်ယာဟု က ပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။

http://bit.ly/XmuRXv
မြ၀တီ

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License