စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး လို့ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန်
ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့ မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့တာကြောင့်
အခုဆေးရုံတင်ထားရကြောင်း တရုတ်ဘာသာနဲ့ရေးသားထားတဲ့ သတင်းစာတစ်စောင်မှာ
ဖော်ပြထားပါတယ်။ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island
အဝေးပြေးလမ်း Sims လမ်းမကြီးတို့ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီး
မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အိမ်ပေါ်လုပ်နေသူ တစ်ဦး ဖြစ်မည်လို့
ခန့်မှန်းရပါတယ်။ ယင်းမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ
အိမ်အကူအလုပ်သမား ရှာဖွေပေးရေးအေဂျင်စီမှ ထွက်ပြေးလာတာဖြစ်ပါတယ်။
မျက်မြင်များ၏ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့အစွန်းကပန်းခင်းေ ပ်ါမှာ မက်တက်ရပ်ပြီး လက်တွေကိုဆန့်တန်းကာ အောက်ကိုခုန်ချတာ လို့သိရပါတယ်။
တက်စီမောင်းသူတစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပါတ ယ်။
၎င်းအမျိုးသမီးဟာပြုတ်ကျလာတဲ့ အချိန်မှာသစ်ကိုင်း တစ်ကိုင်းပေါ်ကို
တစ်ဆင့်ပြုတ်ကျပြီး သစ်ကိုင်းလည်းကျိုးကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က တဆင့်
ကျလာခဲ့တဲ့အတွက် အရှိန်အနဲငယ်ကိုလျော့ ပါးသွားစေခဲ့ပါတယ်။ သူဟာ လမ်းမဘေးက
ကားတွေလမ်းမကြီးပေါ်ကနေ အရေးပေါ်ဘေး ထိုးထားဖို့ နေရာလေးပေါ်ကိုပြုတ်ကျလာပြီး
ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက်ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကိုသယ်ဆောင်သွားတဲ့အချိန် မှာ သူဟာ ဝေဒနာများခံစားနေရသော်လည်း သတိတော့ကောင်းစွာရနေခဲ့ပါတယ်။ သူ့ကိုအခု အရေးပေါ်ဆောင်မှာ ထားပြီးလုံးဝလှုပ်ရှားခွင့်မပေး ထားပါဘူး။
အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူအဆုံးစီရင်ချင်တယ်ဆို တဲ့အကြောင်းကို တစ်ခြားအိမ်အကူအမျိုးသမီးတွေကို ပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်အဲသည် လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာတစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။
တက်စီမောင်းသူတစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပါတ
အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူအဆုံးစီရင်ချင်တယ်ဆို
စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာတစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။
No comments:
Post a Comment