ဂျပန်နိုင်ငံတွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူရှစ်ဦး သေဆုံး

Tuesday, March 5, 2013

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်းဒိုး ကျွန်းတွင် ပြီးခဲ့သည့် သီတင်းပတ် အကုန်၌ နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ကားအတွင်းရှိ မိသားစု အပါအဝင် လူရှစ်ဦး သေဆုံးခဲ့ပြီး ၎င်းကားမှာ နှင်းထုအတွင်း နစ်မြုပ် သွားခဲ့ကြောင်း သိရသည်။

သေဆုံးသူများ အနက် ကာဇူယိုမီယာရှီတာ ၄ဝ နှစ်၊ ၎င်း၏သမီးနှစ်ဦးဖြစ်သူ မီဆာ ၁၇ နှစ်၊ ဆာယို ၁၄ နှစ်နှင့် ၎င်း၏ သားဖြစ်သူ ဒိုင်ကီ ၁၁ နှစ်တို့သည် ၎င်းတို့၏ ကားမှာ နှင်းတောအတွင်း နစ်မြုပ်နေ စဉ် ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ အဆိပ်သင့်မှုကြောင့် မတ် ၂ ရက်က ဆေးရုံ၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။

အလားတူ အသက် ၂၃ နှစ်အရွယ် ဟာရူနာကီတာ ဂါဝါသည် သူမ၏ ကားအတွင်းမှ စွန့်ခွာ သွားပြီးနောက် နှင်းထု အတွင်း အေးခဲတောင့်တင်းကာ သေဆုံးလျက် ရှိကြောင်း တွေ့ရှိခဲ့ ကြသည်။

နှင်းမုန်တိုင်း ဒဏ်ကြောင့် ဟော့ကိုင်းဒိုး ပြည်နယ် တောင်ဘက် အကီတာ စီရင်စုတွင် မတ် ၂ ရက် နေ့လယ် ပိုင်းက ကျည်ဆန်ရထားများ လမ်းချော်
မှု ဖြစ်ပွားခဲ့သည်။ ရထား လမ်းချော်မှုတွင် ထိခိုက်ဒဏ် ရာ ရရှိမှု မရှိ ကြောင်း သိရသည်။
Myawady News

ဂျပန်နိုင်ငံတွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူရှစ်ဦး သေဆုံး

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်းဒိုး ကျွန်းတွင် ပြီးခဲ့သည့် သီတင်းပတ် အကုန်၌ နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ကားအတွင်းရှိ မိသားစု အပါအဝင် လူရှစ်ဦး သေဆုံးခဲ့ပြီး ၎င်းကားမှာ နှင်းထုအတွင်း နစ်မြုပ် သွားခဲ့ကြောင်း သိရသည်။

သေဆုံးသူများ အနက် ကာဇူယိုမီယာရှီတာ ၄ဝ နှစ်၊ ၎င်း၏သမီးနှစ်ဦးဖြစ်သူ မီဆာ ၁၇ နှစ်၊ ဆာယို ၁၄ နှစ်နှင့် ၎င်း၏ သားဖြစ်သူ ဒိုင်ကီ ၁၁ နှစ်တို့သည် ၎င်းတို့၏ ကားမှာ နှင်းတောအတွင်း နစ်မြုပ်နေ စဉ် ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ အဆိပ်သင့်မှုကြောင့် မတ် ၂ ရက်က ဆေးရုံ၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။

အလားတူ အသက် ၂၃ နှစ်အရွယ် ဟာရူနာကီတာ ဂါဝါသည် သူမ၏ ကားအတွင်းမှ စွန့်ခွာ သွားပြီးနောက် နှင်းထု အတွင်း အေးခဲတောင့်တင်းကာ သေဆုံးလျက် ရှိကြောင်း တွေ့ရှိခဲ့ ကြသည်။

နှင်းမုန်တိုင်း ဒဏ်ကြောင့် ဟော့ကိုင်းဒိုး ပြည်နယ် တောင်ဘက် အကီတာ စီရင်စုတွင် မတ် ၂ ရက် နေ့လယ် ပိုင်းက ကျည်ဆန်ရထားများ လမ်းချော်မှု ဖြစ်ပွားခဲ့သည်။ ရထား လမ်းချော်မှုတွင် ထိခိုက်ဒဏ် ရာ ရရှိမှု မရှိ ကြောင်း သိရသည်။

Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License