ဆန်ရှင်း လုံးဝ ဖယ်ရှားပေးရန် သြစတြီးယားနိုင်ငံက ထောက်ခံမည်

Tuesday, March 5, 2013

Wednesday, March 6, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် သြစတြီးယားနိုင်ငံ သမ္မတ H.E. Dr. Heinz Fischer တို့ သီးသန့်တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှု ရရှိရန်အတွက် နိုင်ငံရေး အဖွဲ့အစည်းများအားလုံး နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ရှိစေရန် ဆောင်ရွက်ပေးခဲ့သည့် အခြေအနေ၊ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ခွင့်ရစေရန် အတွက် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျ ခံနေရသူများကိုလည်း ပြန်လည်စေလွှတ်ပေးခဲ့မှု အခြေအနေနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝစဉ်ငြိမ်းချမ်းရေး ရရှိစေရန်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ၎င်းတို့ကိုကျော်လွှားနိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်သွားရမည့် အစီအမံများ၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရန်အတွက် စီးပွားရေးပိတ်ဆို့မှုများကို လုံးဝ ဖယ်ရှားပေးရန် လိုအပ်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပ၍ တွေ့ဆုံဆွေးနွေးခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတက မီဒီယာများ၏
မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် သြစတြီးယားနိုင်ငံ သမ္မတက ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် ချမှတ် ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို လုံးဝဖယ်ရှားပေးရန်အတွက် သြစတြီးယားနိုင်ငံက ထောက်ခံ
သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/03/05/id-2807

Hmuu Zaw

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License