တူရကီနိုင်ငံမှ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးခြင်းကို တရားဝင် ကန့်ကွက်မည့် ဆန္ဒဖော်ထုတ်ရေး သက်ဆိုင်ရာမှ ပယ်ချ

Monday, March 4, 2013

.
တူရကီနိုင်ငံမှ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးခြင်းကို တရားဝင် ကန့်ကွက်မည့် ဆန္ဒဖော်ထုတ်ရေး သက်ဆိုင်ရာမှ ပယ်ချ
..................................................................................................ရခိုင်ပြည်နယ် အတွင်းရှိ ဘဂါင်္လီဒုက္ခသည်များအတွက် သီးသန့် တူရကီနိုင်ငံမှ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်လျက်ရှိရာ ထိုကိစ္စအား တရားဝင် ကန့်ကွက်ရန် စစ်တွေမြို့သူ မြို့သားများမှ ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခဲ့ရာ သက်ဆိုင်ရာမှ ပယ်ချလိုက်ကြောင်း သိရသည်။
ထိုသို့ နေအိမ်များ အခိုင်အမာ ဆောက်ပေးခြင်းသည် မြေယာပိုင်ဆိုင်မှုနှင့် ဆက်စပ်နေသဖြင့် ၈၂ ဥပဒေအရ စိစစ်ပြီးမှသာ ထိုကိစ္စကို စဉ်းစားသင့်ကြောင်းလည်း စစ်တွေမြို့မိမြို့ဖများမှ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်သို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တရားဝင် တင်ပြထားကြောင်း သိရသည်။ ထိုစာတွင် ဗုဒ္ဓဘာသာဝင်များ အမြင်အရ ဘင်္ဂါလီများအား လွင်တီးခေါင်ပါးတွင် ပစ်ထားရမည်ဟု မဆိုလိုကြောင်း၊ နိုင်ငံသား စိစစ်ရေးကိစ္စ ပြီးစီးသွားပါက နိုင်ငံတော်မှ သတ်မှတ်သည့် နေရာတွင် နိုင်ငံတော်မှ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ပေးသင့်ကြောင်း၊ နိုင်ငံခြားအဖွဲ့အစည်းများမှ တိုက်ရိုက်ဆောက်လုပ်ခွင့်ကို မပြုဘဲ နိုင်ငံတော်အစိုးရမှတဆင့် ညီမျှစွာ ဆောက်လုပ်ပေးစေ လိုကြောင်းများလည်း ပါရှိကြောင်း သိရသည်။
အလားတူ ထိုသို့အိမ်ဆောက်မည့် ကိစ္စများကို ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် မြို့သူမြို့သားများ အားလုံး၏ သဘောတူညီချက်ဖြင့် ကန့်ကွက်ဆန္ဒ ထုတ်ဖော်ရန် လျောက်ထားခြင်း ဖြစ်သော်လည်း သက်ဆိုင်ရာဌာနမှ ပယ်ချလိုက်သည့်အတွက် ပြန်လည်အယူခံဝင်ကာ ပြည်နယ်ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဦးဆောင်သူများအဖြစ် ယာယီတာဝန်ယူထားသော အဖွဲ့အား သက်ဆိုင်ရာ ဌာနများမှ ခေါ်ယူမေးမြန်းခြင်းများ ပြုလုပ်လျက်ရှိပြီး ခွင့်ပြုချက်ပေးနိုင် မပေးနိုင်များကို သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြလျက်ရှိကြောင်း သိရသည်။
လတ်တလော အခြေအနေအရ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆန္ဒထုတ်ဖော်မည့် ကိစ္စကို ခွင့်ပြုမပြုနှင့် ပတ်သက်ပြီး အသေအချာ မသိရသေးကြောင်းလည်း ယာယီအဖွဲ့ခေါင်းဆောင် တစ်ဦးမှ ပြောပါသည်။ တစ်ဆက်တည်းမှာပင် မြို့မိမြို့ဖအချို့နှင့် တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ချို့အားလည်း ဆန္ဒထုတ်ဖော်မည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ခေါ်ယူကာ ဆွေးနွေးတိုင်ပင်မှုများ ရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ ခေါ်ယူဆွေးခံခဲ့ရသူ တစ်ဦးက “သူတို့အမြင်ကို တင်ပြတယ်။ ဆယ်တန်းစာမေးပွဲလည်း ရှိတယ်လို့ ပြောတယ်။ ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ ကိစ္စအပေါ် ဘယ်လိုမြင်သလဲလို့ မေးတယ်။ ကျွန်တော်တို့ အမြင်ကိုမေးတယ်။ ကျွန်တော်ပြောခဲ့တာကတော့ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တယ်။ ပြည်နယ်အစိုးရရော၊ ပြည်ထောင်စု အစိုးရရော သိစေချင်လို့ လုပ်တာဖြစ်တယ်။ မူအားဖြင့် သဘောတူပါတယ်လို့ ပြောခဲ့တယ်” ဟု ဦးသန်းထွန်းက ပြောပါသည်။
တူရကီနိုင်ငံမှ ဘင်္ဂလီများအတွက် နေအိမ် ၅၀၀၀ ၀န်းကျင် အခိုင်အမာ ဆောက်လုပ်ပေးမည့် အစီအစဉ် ရှိကြောင်း သိရသော်လည်း စည်ပင်ဝန်ကြီး ပြောကြားချက်အရ နေအိမ် ၃၀၀၀ ကျော်ဟုသာ အကြမ်းအားဖြင့် သိရသည်။ ယင်းကိစ္စအပေါ် ဒေသခံများ အနေဖြင့် လက်ခံနိုင်ခြင်း မရှိဘဲ အဆင့်ဆင့် ပြုလုပ်ဆောင်ရွက်ပြီးမှသာ ဆောက်လုပ်ပေးရန်အတွက် ကန့်ကွက်ဆန္ဒ ထုတ်ဖော်မည့် အစီအစဉ် ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ကို ဒီနေ့လည်း ခေါ်တယ်။ လောလောဆယ်တော့ လက်မခံနိုင်သေးဘူး။ ပြည်နယ်အစိုးရ အဖွဲ့ကို ဆက်လက်တင်ပြ သွားမယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောခဲ့တာတော့ ရှိတယ်။ ခွင့်ပြုချက် တင်တာက စည်းကမ်းတကျ လုပ်နိုင်အောင်လို့ပါ။ ခွင့်ပြုချက် မပေးရင်လည်း အများသဘောတူ ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်ပါတယ်။ စဉ်းစားပေးစေ ချင်ပါတယ်လို့ ပြောခဲ့တယ်” ဟု ယာယီအဖွဲ့ခေါင်းဆောင် တစ်ဦးက ပြောပါသည်။EMG

..................................................................................................ရခိုင်ပြည်နယ် အတွင်းရှိ ဘဂါင်္လီဒုက္ခသည်များအတွက် သီးသန့် တူရကီနိုင်ငံမှ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်လျက်ရှိရာ ထိုကိစ္စအား တရားဝင် ကန့်ကွက်ရန် စစ်တွေမြို့သူ မြို့သားများမှ ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခဲ့ရာ သက်ဆိုင်ရာမှ ပယ်ချလိုက်ကြောင်း သိရသည်။
ထိုသို့ နေအိမ်များ အခိုင်အမာ ဆောက်ပေးခြင်းသည် မြေယာပိုင်ဆိုင်မှုနှင့် ဆက်စပ်နေသဖြင့် ၈၂ ဥပဒေအရ စိစစ်ပြီးမှသာ ထိုကိစ္စကို စဉ်းစားသင့်ကြောင်းလည်း စစ်တွေမြို့မိမြို့ဖများမှ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်သို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တရားဝင် တင်ပြထားကြောင်း သိရသည်။ ထိုစာတွင် ဗုဒ္ဓဘာသာဝင်များ အမြင်အရ ဘင်္ဂါလီများအား လွင်တီးခေါင်ပါးတွင် ပစ်ထားရမည်ဟု မဆိုလိုကြောင်း၊ နိုင်ငံသား စိစစ်ရေးကိစ္စ ပြီးစီးသွားပါက နိုင်ငံတော်မှ သတ်မှတ်သည့် နေရာတွင် နိုင်ငံတော်မှ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ပေးသင့်ကြောင်း၊ နိုင်ငံခြားအဖွဲ့အစည်းများမှ တိုက်ရိုက်ဆောက်လုပ်ခွင့်ကို မပြုဘဲ နိုင်ငံတော်အစိုးရမှတဆင့် ညီမျှစွာ ဆောက်လုပ်ပေးစေ လိုကြောင်းများလည်း ပါရှိကြောင်း သိရသည်။
အလားတူ ထိုသို့အိမ်ဆောက်မည့် ကိစ္စများကို ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် မြို့သူမြို့သားများ အားလုံး၏ သဘောတူညီချက်ဖြင့် ကန့်ကွက်ဆန္ဒ ထုတ်ဖော်ရန် လျောက်ထားခြင်း ဖြစ်သော်လည်း သက်ဆိုင်ရာဌာနမှ ပယ်ချလိုက်သည့်အတွက် ပြန်လည်အယူခံဝင်ကာ ပြည်နယ်ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဦးဆောင်သူများအဖြစ် ယာယီတာဝန်ယူထားသော အဖွဲ့အား သက်ဆိုင်ရာ ဌာနများမှ ခေါ်ယူမေးမြန်းခြင်းများ ပြုလုပ်လျက်ရှိပြီး ခွင့်ပြုချက်ပေးနိုင် မပေးနိုင်များကို သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြလျက်ရှိကြောင်း သိရသည်။
လတ်တလော အခြေအနေအရ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆန္ဒထုတ်ဖော်မည့် ကိစ္စကို ခွင့်ပြုမပြုနှင့် ပတ်သက်ပြီး အသေအချာ မသိရသေးကြောင်းလည်း ယာယီအဖွဲ့ခေါင်းဆောင် တစ်ဦးမှ ပြောပါသည်။ တစ်ဆက်တည်းမှာပင် မြို့မိမြို့ဖအချို့နှင့် တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ချို့အားလည်း ဆန္ဒထုတ်ဖော်မည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ခေါ်ယူကာ ဆွေးနွေးတိုင်ပင်မှုများ ရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ ခေါ်ယူဆွေးခံခဲ့ရသူ တစ်ဦးက “သူတို့အမြင်ကို တင်ပြတယ်။ ဆယ်တန်းစာမေးပွဲလည်း ရှိတယ်လို့ ပြောတယ်။ ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ ကိစ္စအပေါ် ဘယ်လိုမြင်သလဲလို့ မေးတယ်။ ကျွန်တော်တို့ အမြင်ကိုမေးတယ်။ ကျွန်တော်ပြောခဲ့တာကတော့ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တယ်။ ပြည်နယ်အစိုးရရော၊ ပြည်ထောင်စု အစိုးရရော သိစေချင်လို့ လုပ်တာဖြစ်တယ်။ မူအားဖြင့် သဘောတူပါတယ်လို့ ပြောခဲ့တယ်” ဟု ဦးသန်းထွန်းက ပြောပါသည်။
တူရကီနိုင်ငံမှ ဘင်္ဂလီများအတွက် နေအိမ် ၅၀၀၀ ၀န်းကျင် အခိုင်အမာ ဆောက်လုပ်ပေးမည့် အစီအစဉ် ရှိကြောင်း သိရသော်လည်း စည်ပင်ဝန်ကြီး ပြောကြားချက်အရ နေအိမ် ၃၀၀၀ ကျော်ဟုသာ အကြမ်းအားဖြင့် သိရသည်။ ယင်းကိစ္စအပေါ် ဒေသခံများ အနေဖြင့် လက်ခံနိုင်ခြင်း မရှိဘဲ အဆင့်ဆင့် ပြုလုပ်ဆောင်ရွက်ပြီးမှသာ ဆောက်လုပ်ပေးရန်အတွက် ကန့်ကွက်ဆန္ဒ ထုတ်ဖော်မည့် အစီအစဉ် ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ကို ဒီနေ့လည်း ခေါ်တယ်။ လောလောဆယ်တော့ လက်မခံနိုင်သေးဘူး။ ပြည်နယ်အစိုးရ အဖွဲ့ကို ဆက်လက်တင်ပြ သွားမယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောခဲ့တာတော့ ရှိတယ်။ ခွင့်ပြုချက် တင်တာက စည်းကမ်းတကျ လုပ်နိုင်အောင်လို့ပါ။ ခွင့်ပြုချက် မပေးရင်လည်း အများသဘောတူ ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်ပါတယ်။ စဉ်းစားပေးစေ ချင်ပါတယ်လို့ ပြောခဲ့တယ်” ဟု ယာယီအဖွဲ့ခေါင်းဆောင် တစ်ဦးက ပြောပါသည်။

EMG
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License