ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဇူလိုင်လတွင် စဆောက်မည်

Friday, March 1, 2013

March 1, 2013

အာရှဒေသ၏ အဓိက ပေါင်းကူးအဖြစ် ချိတ်ဆက်နိုင်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇူလိုင်လတွင် စတင် တည်ဆောက်
မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှတဆင့် သိရသည်။

“ပြည်တွင်းပြည်ပ တည်ဆောက်ရေးအဖွဲ့တွေကို တင်ဒါခေါ်ယူရာမှာ
ရွေးချယ်မှုတွေ ပြုလုပ်ပြီးပါပြီ။ အဖွဲ့ ၇ ဖွဲ့က အကြိုအရည်အချင်း
စစ်အတွက် လေလံ အောင်ခဲ့ပါတယ်။ အဲဒီ အဖွဲ့တွေ အနေနဲ့ ဖေဖေါ်ဝါရီ
၈ ရက်ကနေ မတ်လ ၂၅ အထိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို တင်ဒါ လျှောက်ထား တင်သွင်းရမှာပါ။ ဘုတ်အဖွဲ့က ဇွန်လ နောက်ဆုံးပတ်မှာ အပြီး ရွေးချယ်မှာ ဖြစ်ပါတယ်” ဟု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်-ပဲခူး ကားလမ်းမကြီးဘေးတွင် တည်ဆောက်မည့် ယင်းလေဆိပ်မှာ
မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် အဆင်မီ နိုင်ငံတကာလေဆိပ်အဖြစ် ဧက ပေါင်း ၉,၆၀၀ ကျော် အကျယ်ဖြင့် အကောင်အထည်ဖေါ်မည်
ဖြစ်သည်။

“ပထမ အဆင့်တင်ဒါအောင်မြင်တဲ့အဖွဲ့ထဲမှာ နိုင်ငံတကာ လေဆိပ်တွေမှာ
ဆောက်လုပ်နေတဲ့ အဖွဲ့တွေ လည်း ပါဝင်ပါတယ်။ တင်ဒါ ရွေးချယ်စိစစ်ရေး အဖွဲ့မှာလည်း ဂျပန်နိုင်ငံက ကျွမ်းကျင် ပညာရှင် အတိုင်ပင်ခံ အဖွဲ့ကို ငှါးရမ်း ဆောင်ရွက်ခဲ့တာပါ” ဟု ၎င်း က ဆက်လက်ပြောကြားသည်။

ဟံသာဝတီ လေဆိပ်မှာ မင်္ဂလာဒုံ လေဆိပ်ထက် ၁၀ ဆခန့် ကြီးမားပြီး စင်္ကာပူနိုင်ငံရှိ ချန်ဂီ လေဆိပ်၊ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိ လေဆိပ်ကြီးများ
ကဲ့သို့ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများအတွက် အာရှဒေသအတွင်း အရေးပါလာမည် ဖြစ်ကြောင်း သိရသည်။

မဇ္ဈိမ
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဇူလိုင်လတွင် စဆောက်မည်
=======================================

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License