တိုက်ပွဲများ ပြင်းထန် နေသော မာလီ နိုင်ငံတွင် သူပုန် တပ်ဖွဲ့ဝင် ၅ဝ နှင့် ပြင်သစ် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး

Tuesday, March 5, 2013

မာလီ နိုင်ငံတွင် မကြာမီ ရက်ပိုင်းအတွင်းက အစ္စလာမ်မစ် စစ်သွေးကြွ ထိပ်တန်း ခေါင်းဆောင် နှစ်ဦး သေဆုံးခဲ့သည် ဟူသော သတင်းများထွက်ပေါ် လာပြီးနောက် နိုင်ငံ မြောက် ပိုင်းတွင် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ရာ သူပုန် တပ်ဖွဲ့ဝင် အရေ အတွက် ၅ဝ နီးပါးနှင့် ပြင်သစ် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ ကြောင်း တာဝန်ရှိသူ များက မတ် ၃ ရက်တွင် ပြောကြား ခဲ့သည်။

မာလီ နိုင်ငံတွင် ချက် စစ်သည်များနှင့် အစ္စလာမ်မစ် စစ်သွေးကြွ များ၏ တိုက်ခိုက် မှုကြောင့် အယ်လ်ကိုင်ဒါ အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်သည့် အက်ဘ်ဒီလ်ဟာ မစ်ဒ်အက် ဘိုဇိတ်ဒ်နှင့် နိုင်ငံခြားသား ဓားစာခံ ၃၈ ဦး သေဆုံး ခဲ့သည့် အယ်လ်ဂျီးရီးယား သဘာဝ ဓာတ်ငွေ့ စက်ရုံအား ဇန်နဝါရီ လက စီးနင်း တိုက်ခိုက် မှုတွင် ကြိုးကိုင် စီစဉ်ခဲ့သူ အစ္စလာမ်မစ် အဖွဲ့မှ မိုခါတာ ဘယ်လ် မိုခါတာတို့ သေဆုံးခဲ့သည် ဆိုသော ချက်နိုင်ငံ၏ အစီရင် ခံစာကို သတိထား ကြရန် ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဂျင်းအိဗ်လီ ဒရိန်းက တောင်းဆို ခဲ့သည်။

ထို့ပြင် မာလီနိုင်ငံ မြောက်ပိုင်း၌ ပြင်သစ် တပ်ဖွဲ့ဝင် များနှင့် အစ္စလာမ်မစ် စစ်သွေးကြွများ အကြား မကြာ သေးမီ ရက်ပိုင်း အတွင်းက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား မှုကြောင့် ပြင်သစ် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ ကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မာလီနိုင်ငံ မြောက်ပိုင်း ဂါအိုမြို့ အနီးတွင် မတ် ၃ ရက်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း နှင့် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မတ် ၁ ရက်က MUJAO အစ္စလာမ် မစ် တပ်ဖွဲ့ဝင် အနည်းဆုံး ၅ဝ ခန့် သေဆုံးခဲ့ကြောင်း မာလီ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မတ် ၂ ရက် ညနေပိုင်း တွင် ပြင်သစ် တပ်ဖွဲ့ဝင် တစ်ဦးသေဆုံး ခဲ့ကြောင်းနှင့် မာလီ နိုင်ငံတွင် ပြင်သစ် တပ်ဖွဲ့ဝင်များ ဝင်ရောက် ခဲ့သည့် အချိန်မှ စ၍ သေဆုံးသူ ပြင်သစ်စစ်သည် ဦးရေမှာ သုံးဦးထိ ရှိပြီ ဖြစ်ကြောင်း ပြင် သစ် နိုင်ငံက ပြောကြားခဲ့သည်။

မြ၀တီ

http://bit.ly/YS6YoL
Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License