နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား သြစတြီးယား နိုင်ငံ သမ္မတက ဂုဏ်ပြုကြိုဆို ဥရောပ သမဂ္ဂမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို လုံးဝဖယ်ရှား ပေးရန် သြစတြီးယား နိုင်ငံ က ထောက်ခံသွားမည်

Tuesday, March 5, 2013

သြစတြီးယား နိုင်ငံ ဗီယင်နာမြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား သြစတြီးယား နိုင်ငံ သမ္မတ H.E. Dr. Heinz Fischer က မတ် ၄ ရက် နံနက် ၁၁ နာရီတွင် ဗီယင် နာမြို့ရှိ သမ္မတ နန်းတော်၌ ဂုဏ်ပြု ကြိုဆိုသည်။
အခမ်းအနားတွင် နှစ်နိုင်ငံ သမ္မတ တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး နိုင်ငံတော် သမ္မတက ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေးသည်။ ဆက်လက်၍ နှစ်နိုင်ငံ ခေါင်းဆောင် များသည် ၄င်းတို့ နှင့်အတူ ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်လာကြ သူများ နှင့် အပြန်အလှန် မိတ်ဆက်ပေး ကြသည်။
ထို့နောက် သြစတြီးယား နိုင်ငံ သမ္မတက နိုင်ငံတော် သမ္မတအား သမ္မတ နန်းတော်၌ ရင်းနှီး ခင်မင်စွာ နှုတ်ဆက်ပြီး သီးသန့် တွေ့ဆုံသည်။
ယင်းနောက် နှစ်နိုင်ငံ ဆွေးနွေးပွဲကို ကျင်းပရာ နိုင်ငံတော် သမ္မတ နှင့်အတူ   ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် သြစတြီးယား နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးစိုးနွယ်တို့ တက်ရောက် ကြပြီး သြစတြီးယား နိုင်ငံ သမ္မတ နှင့်အတူ Cabinet Director Dr. Rene Pollitzer နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေ၊ နိုင်ငံရေး တည်ငြိမ်မှု ရရှိရန် အတွက် နိုင်ငံရေး အဖွဲ့အစည်းများ အားလုံး နိုင်ငံရေး ဖြစ်စဉ်တွင် ပါဝင်ခွင့် ရှိစေရန် ဆောင်ရွက် ပေးခဲ့သည့် အခြေအနေ၊ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ခွင့် ရစေရန် အတွက်  အကြောင်း အမျိုးမျိုးကြောင့် အကျဉ်းကျ ခံနေရသူ များကိုလည်း ပြန်လည် စေလွှတ်ပေးခဲ့မှု အခြေ အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ထာဝစဉ် ငြိမ်းချမ်းရေး ရရှိစေရန် ဆောင်ရွက်နေမှု အခြေအနေများ၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလတွင် ရင်ဆိုင် နေရသည့် စိန်ခေါ် မှုများနှင့် ၎င်းတို့ကိုကျော် လွှားနိုင်ရန် အတွက် ဆက်လက် ဆောင် ရွက်သွားရမည့် အစီအမံများ၊ ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက် စေရန် အတွက် စီးပွားရေး ပိတ်ဆို့မှု များကို လုံးဝဖယ်ရှား ပေးရန် လိုအပ်သည့် အခြေအနေ များကို  ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပ၍ တွေ့ဆုံ ဆွေးနွေးခဲ့မှု များကို ရှင်းလင်း ပြောကြားခဲ့ပြီး နိုင်ငံတော် သမ္မတက မီဒီယာများ၏ မေးမြန်းချက် များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲတွင် သြစတြီးယား နိုင်ငံ သမ္မတက ဥရောပ သမဂ္ဂမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို လုံးဝဖယ်ရှား ပေးရန်အတွက် သြစတြီး ယား နိုင်ငံက ထောက်ခံ သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များအား သြစတြီးယား နိုင်ငံ သမ္မတက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ နိုင်ငံတော် သမ္မတသည် မွန်းလွဲပိုင်းတွင် သြစတြီးယား နိုင်ငံ နန်းရင်းဝန် ရုံးသို့ သွားရောက်၍ နန်းရင်းဝန် Mr. Werner Faymann နှင့် သီးသန့် တွေ့ဆုံခဲ့ပြီး   သြစတြီးယား ပါလီမန်တွင် ပါလီမန် ဥက္ကဋ္ဌ Mrs. Barbara Prammer နှင့် တွေ့ဆုံ ဆွေးနွေးသည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံနှင့် သြစတြီး ယား နိုင်ငံတို့မှာ ၁၉၅၃ ခုနှစ်ကပင် နှစ်နိုင်ငံ သံတမန် ဆက်ဆံမှုကို ထူထောင်ခဲ့ ကြောင်း၊ သို့သော် လွန်ခဲ့သည့်နှစ် ၂ဝ အတွင်း နှစ်နိုင်ငံအကြား ကျင့်သုံးသည့် နိုင်ငံရေး စနစ် မတူညီ ခဲ့သည့်အတွက် ဆက်ဆံရေး လျော့ပါး ခဲ့ရကြောင်း၊ ယခုအခါ မိမိတို့ နိုင်ငံတွင် ဒီမိုကရေစီ စနစ် ပြောင်းလဲ ကျင့်သုံးနေပြီ ဖြစ်သဖြင့် နှစ်နိုင်ငံ ကြား၌ အစိုးရချင်း၊ လွှတ်တော်သြစတြီးယား ပါလီမန် ဥက္ကဋ္ဌကလည်း မြန်မာ နိုင်ငံ၏  ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များကို ကြိုဆိုထောက်ခံ အားပေးပါကြောင်း၊ မြန်မာနိုင်ငံ၏ လွှတ်တော် အသီးသီး နှင့်လည်း ပိုမိုရင်းနှီးစွာ ဆက်ဆံ လိုပါကြောင်း၊ မြန်မာနိုင် ငံ နှင့်ပတ်သက်၍ ဥရောပ သမဂ္ဂ၏ မူဝါဒ များကို ပြန်လည်သုံးသပ်သည့် အချိန်တွင် အပြုသဘော ဆောင်သည့် ရလဒ်များ ထွက်ပေါ် လာမည်ဟု မျှော်လင့်ပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော် သမ္မတသည် သြစတြီးယား စီးပွားရေးနှင့် ကုန်သွယ်ရေး အသင်းချုပ် ရုံး၌ ကျင်းပသည့် မြန်မာ- သြစတြီးယား စီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး နှုတ်ခွန်းဆက် စကား ပြောကြားရာ၌ မိမိတို့ နိုင်ငံတွင် ပြောင်းလဲကျင့်သုံး နေသည့် ဒီမိုကရေစီ စနစ် ခိုင်မြဲစေရန် အတွက် နိုင်ငံရေး တည်ငြိမ်မှု ရှိရန်  လိုအပ်သည် သာမက စီးပွားရေး ဖွံ့ဖြိုးရန်လည်း လိုအပ်ပါ ကြောင်း၊ နိုင်ငံတွင် လိုအပ်နေသည့် အရင်းအနှီး၊ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ် များကို ဖြည့် ဆည်းပေးနိုင် ရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်လျက် ရှိကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများ၏ အကျိုးစီးပွားကို ကာကွယ် ပေးနိုင် သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား ကိုလည်း မျှမျှတတ ဖော်ဆောင် ပေးနိုင်သည့် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေ များကို ရေးဆွဲ ပြဋ္ဌာန်းပြီး ဖြစ်သဖြင့် လာရောက် ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊ သို့သော် လက်ရှိ အခြေ အနေတွင် ဥရောပ သမဂ္ဂ၏ မြန်မာနိုင် ငံ အပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှု များကို အပြီးအပိုင် ဖယ်ရှားပေးမှု မရှိသေးခြင်းနှင့် တိုင်းရင်းသား ပို့ကုန် လုပ်ငန်းရှင်များ အတွက် GSP အခွင့်အရေးများ ပေး အပ်မှု မရှိသေးခြင်းသည် ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အပေါ် အဟန့်အတားများ ဖြစ်နေ သကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများက မြန်မာနိုင်ငံ၌ ရေရှည်လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုရာတွင်လည်း အခက်အခဲ ဖြစ်ပေါ် နေရကြောင်း၊ ထို့ ကြောင့် ဥရောပ သမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့မှုများကို လုံးဝဖယ်ရှား ပေးနိုင်ရေး အတွက် တက်ရောက် လာကြသည့် လုပ်ငန်းရှင်များက ဝိုင်းဝန်း တိုက်တွန်း ပြောကြား ပေးစေလို ကြောင်း၊ မိမိတို့ နှစ်နိုင်ငံ အကြားတွင် ဆက်ဆံရေး ပိုမိုတိုး တက် ကောင်းမွန် လာသည်နှင့် အမျှ ရင်းနှီးမြှုပ်နှံမှု များကို ပိုမို ဆောင်ရွက်နိုင်ရန် ထပ်လောင်း ဖိတ်ခေါ် ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။  နိုင်ငံတော် သမ္မတသည် ညပိုင်းတွင် ဗီယင်နာမြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်တွင် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ် ဆဲလ်မြို့သို့ ရောက်ရှိသည်။ချင်း၊ ပြည်သူချင်း ဆက်ဆံရေး များကို ပိုမို တိုးတက်ရန် ဆောင်ရွက်လိုကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲ နေမှုများကို ရှင်းလင်း ပြောကြား ခဲ့သည်။
မြဝတီ
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License