SEA Games ဆိုင်းဘုတ်ကိုင် အမျိုးသမီးများ တိုင်းနှင့်ပြည်နယ် အားလုံး လွှမ်းခြုံနိုင်ရန် ထပ်မံဖိတ်ခေါ်

Monday, July 29, 2013

ရန်ကုန် ဇူလိုင် ၂၈
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲ
ပိတ်ပွဲ အခမ်းအနားတွင် အာဆီယံ ၁၁ နိုင်ငံ ကို
ယ်စား ဆိုင်းဘုတ် ကိုင်ဆောင်ရန်နှင့် အားကစ
ားနည်း ၃၃ မျိုးအတွက် ဆိုင်းဘုတ် ကိုင်ဆောင်
မည့် စေတနာ့ ဝန်ထမ်း အမျိုးသမီး များကို တိုင်
းဒေသကြီးအလိုက် လွှမ်းခြုံပါစေလို၍ ဒုတိယ
အကြိမ် ထပ်မံ ဖိတ်ခေါ် ထားကြောင်း အမျိုးသ
ား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကု
န်) စီမံရေးရာ ဌာနမှူး ဦးသန့်ဇင်ဦးက ပြောကြ
ားသည်။
ဖေဖော်ဝါရီလက ပထမအကြိမ် ဖိတ်ခေါ်ခဲ့ရာ
အမျိုးသမီး ၁၈ ဦးသာ ရွေး ချယ်နိုင်ပြီး အများစု
မှာ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးမှ သာြ
ဖစ်နေသေး၍ အခြား တိုင်းဒေသကြီးနှင့် ပြည်
နယ်များမှ လူငယ် အမျိုးသမီးများကို နိုင်ငံတော်
အဆင့် အားကစား ပွဲတော်ကြီး၌ ပါဝင်စေ လို
ကြောင်း ၎င်းက ဆိုသည်။
“အရန် လေးဦးနဲ့ဆို အယောက် ၃၀ လောက်
လိုနေသေးလို့ ထပ်ခေါ်တာပါ” ဟု ၎င်းက ဆိုသ
ည်။
ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားတွင် မိနစ် ၆၀ ထိ မ
တ်တတ် ရပ်နိုင်သည့် အမျိုးသမီးများသည် ဒဂုံမြို
့သစ် (တောင်ပိုင်း) ရှိ အမျိုးသား ယဉ်ကျေးမှနှင့်
အနုပညာတက္ကသိုလ် စီမံ၊ ဘဏ္ဍာဌာန၊ ယဉ်ေ
ကျးမှု ဝန်ကြီးဌာန ရုံးအမှတ် (၃၅) ရှိ သမိုင်း သု
တေသန ညွှန်ကြားရေးမှူးချုပ်ရုံး၊ ရန်ကုန်မြို့ အ
င်းလျားလမ်း အမှတ်၃၈ (စီ) ရှိ Zu Zu
Collection နှင့် ကမ္ဘာအေး စေတီ လမ်း ပါရမီ
အိမ်ရာ၊ တိုက် ၆၀၊ အခန်း(၇)ရှိ ဒီဇိုင်နာ လတ်
လတ်တို့ထံ သြဂုတ်လ ၉ ရက်နေ့ နောက်ဆုံး
ထား လျှောက်ထားနိုင်ကြောင်း ဖွင့်ပွဲပိတ်ပွဲ ကျ
င်းပရေး ကော်မတီက ထုတ်ပြန်ထားသည်။
အရွေးချယ်ခံရသူများကို စခန်းသွင်း လေ့ကျင့်ချိ
န်၌ နေထိုင် စားသောက်မှုကို ဖွင့်ပွဲပိတ်ပွဲ ကျင်း
ပရေး ကော်မတီက ကျခံပေးမည် ဖြစ်သည်။
The Voice Weekly

Published with Blogger-droid v2.0.10
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License